မြန်မာရွေးကောက်ပွဲက ရင်ကြားစေ့ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု အင်ဒိုနီးရှား မျှော်လင့်

မြန်မာရွေးကောက်ပွဲက ရင်ကြားစေ့ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု အင်ဒိုနီးရှား မျှော်လင့်

နိုဝင်ဘာ ၈ ရက် မြန်မာရွေးကောက်ပွဲသည် ဆောင်ရွက်ဆဲ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် အထောက်အကူဖြစ်စေလိမ့်မည်ဟု အင်ဒိုနီးရှားအစိုးရနှင့်တကွ အင်ဒိုနီးရှားပြည်သူများက အကောင်းမြင်မျှော်လင့်ထားကြောင်း နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောသည်။

"ရွေးကောက်ပွဲရလဒ်ကို အဖက်ဖက်သော အဖွဲ့အစည်းအများက လက်ခံသွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။   မြန်မာနိုင်ငံက   ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့   ပြန်လည်ရင်ကြားစေ့ရေးတို့ရဲ့ စြင်္ကတစ်ရပ်အဖြစ် ရွေးကောက်ပွဲက ဆောင်ကြဉ်းပေးနိုင်ပါတယ်။"ဟု ပြောရေးဆိုခွင့်ရှိသူ Arrmanatha Nasir က နိုဝင်ဘာ ၉ ရက်တွင် မှတ်ချက်ပြုပြောကြားသည်။

ယခုရွေးကောက်ပွဲက အစိုးရနှင့် ပြည်သူကြား ပြုပြင်ပြောင်းလဲရေး တူညီသည့် သဘောထားများမှ ရောင်ပြန်ဟပ်သည့် ချောမွေ့စွာပြီးစီးပြီး လူများစွာ လာရောက်အားပေးခဲ့သည့်   ရွေးကောက်ပွဲတစ်ရပ်ဖြစ်ကြောင်းလည်း Nasir က ပြောခဲ့သည်။

"ဒီအတွက် ကျွန်တော်တို့က အခု ဒီမိုကရေစီဖြစ်စဉ်ကို ကောင်းချီးပေးချီးကျုးရပါတယ်။"ဟု ၎င်းက အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း သန်း ၃၀ ကျော်ထက်မနည်း ပါဝင်မဲပေးခဲ့ပြီး နိုင်ငံသမိုင်းတွင် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ အဖြစ် မျှော်လင့်ရသည်။

ပါတီပေါင်း ၉၃ ပါတီမှ ကိုယ်စားလှယ်ပေါင်း ခြောက်ထောင်ကျော်မျှ လွှွတ်တော်သုံးရပ်ရှိ အမတ်နေရာ ၁၁၄၂ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly