ဒေါက်တာတူးဂျာ ကချင်မြို့ပြင် ၆နေရာ အနိုင်ရရှိထား

ဒေါက်တာတူးဂျာ ကချင်မြို့ပြင် ၆နေရာ အနိုင်ရရှိထား

ချင်းမိုင်၊ နိုဝင်ဘာ ၉ ။            ။ ဒေါက်တာ တူးဂျာဦးဆောင်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)က ကချင်ပြည်နယ် မြို့ပေါ်ရှိ မဲဆန္ဒနယ်များတွင် အနိုင်မရသော်လည်း လက်ရှိ အချိန်ထိ မြို့ပြင် မဲဆန္ဒနယ် ၆ နေရာ အနိုင်ရရှိထားပြီး ဖြစ်သည်ဟု KSDP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောသည်။

“ကျနော်တို့က မြစ်ကြီးနားမြို့ပြင် ကျေးရွာအုပ်စုတွေ တော်တော်များများမှာ ၁၁ နေရာမှာ နိုင်ပါတယ်။ မြို့တွင်းမှာလည်း စီတာပူရပ်ကွက်မှာနိုင်တယ်။ အင်ဂျန်းယန်တော့ အကုန်လုံးနိုင်တယ်၊ အားလုံး ၇ နေရာလောက်နိုင်တယ်။ တစ်နေရာတော့မသေချာသေးဘူး။ မြို့တွင်းမှာတော့ NLD နိုင်တယ်။ ကျနော်တို့ ရှုံးတယ်၊ မြို့ပြင်မှာတော့ ကျနော်နိုင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

(၁) ဦးဇော်မူးနော်( အင်ဂျန်းယန် ပြည်နယ်လွှတ်တော်)၊

(၂) ဦးလမာနော်အောင် (အင်ဂျန်းယန် ပြည်သူ့လွှတ်တော်)၊

(၃) ဒေါ်ဂျာဆိုင်းခေါန်(အင်ဂျန်းယန် ပြည်နယ်လွှတ်တော်)

(၄) ဦးဇော်ဒွဲ(ဆွမ်ပရာဘွမ် ပြည်နယ်လွတ်တော်)၊

(၅) ဦးပေါလု(ဗန်းမော် ပြည်နယ်လွှတ်တော်)

(၆) ဦးဆာရာ(နောင်မွန်းပြည်နယ်လွတ်တော်)

ကချင်ပြည်နယ် မြို့နယ်အတော်များများတွင် ၎င်းတို့ပါတီအနေဖြင့် အနိုင်မရခဲ့ခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခြင်းသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့ခြင်းကြောင်း ဖြစ်သည်ဟု ဒေါက်တာ တူးဂျာကပြောသည်။

"မြို့ပေါ်မှာက အခြားလူမျိုးတွေလည်း များတယ်လေ။ များတော့ ဒေါ်အောင်ဆန်းစုကြည်လာသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် မလာဘူးဆိုလို့ရှိရင် ကျနော်တို့ဒီလိုမဖြစ်ဘူး။ သူစည်းရုံးရေးလာသွားတော့ ပြည်သူတွေ အဲဒီဘက်မှာ တော်တော်လည်းပါသွားတယ်”ဟု ဒေါက်တာတူးဂျာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly