ပြည်သူ့ရွေးချယ်မှုဖြစ်လို့ အရှုံးအပေါ် မှတ်ချက်ပြုစရာမရှိဟု ပြင်ဦးလွင်အမတ်ပြော

ပြည်သူ့ရွေးချယ်မှုဖြစ်လို့ အရှုံးအပေါ် မှတ်ချက်ပြုစရာမရှိဟု ပြင်ဦးလွင်အမတ်ပြော

ပြင်ဦးလွင်၊ နိုဝင်ဘာ ၉ ။ ။ ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁မှ ဝင်ရောက်ယှဉ်ပြိုင်ကာ NLD ပါတီမှ အမတ်လောင်းကို ၁၁၆၃ မဲအကွာဖြင့် ရှုံးခဲ့သော ကြံ့ခိုင်ရေးပါတီ၏ အမတ်လောင်း လက်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် ဦးအောင်ဌေးကျော်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်သည်။

မေး။ ။ NLD အနိုင်ရသွားတဲ့ ရလဒ်အပေါ် ပြိုင်ဘက်အမတ်လောင်းတစ်ယောက်အနေနဲ့ သဘောထားဘယ်လိုရှိလဲ။
ဖြေ။ ။မဲဆန္ဒရှင်တွေရဲ့သဘောထားအတိုင်း ကော်မရှင်ကထုတ်ပြန်တာ၊ တို့ဘက်က ဘာသဘောထားမှ ပေးစရာမရှိပါဘူး။

မေး။ ။ မဲအရေအတွက် ၁၀၀၀ ဝန်းကျင်ကွာပြီး အနိုင်အရှုံး ဖြစ်ခဲ့တဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ။ ။မဲဆန္ဒရှင်တွေရဲ့မဲပေးမှုအနေအထားကို ကော်မရှင်ကဆုံးဖြတ်ချက်အပေါ် ၁ မဲပဲနိုင်နိုင် ဒါကိုပြောစရာအကြောင်းမရှိပါဘူး။

မေး။ ။ မဲရဖို့ရည်ရွယ်ထားတဲ့နေရာတွေ၊ တကယ်ကိုစည်ရုံးရေးဆင်းထားနဲ့နေရာတွေကနေ ထောက်ခံမှုတွေ ရခဲ့တာတွေ့ရတယ်။ ထွက်လာတဲ့မဲရလဒ်တွေအပေါ် ကျေနပ်အားရမှုရှိပါလား။
ဖြေ။ ။စည်းရုံးရေးဆင်းစဉ်က ဒီထက်မကရမယ့် အနေအထားမှာ တကယ်မဲပေးတဲ့အခါမှ ၁၀၀၀ လောက်ပြတ်သွားတာက မဲဆန္ဒရှင်ရဲ့သဘောထားပါပဲ။ သူတို့က မဲပေးတဲ့အခါ ဆန္ဒအရပေးချင်တဲ့ ကိုယ်စားလှယ်ကိုပေးကြတာပါ။

မေး။ ။ ပြင်ဦးလွင်မှာ နှစ်ဖက် အတတ်နိုင်ဆုံး မသမာမှုတွေ မရှိအောင် ပြိုင်သွားကြတယ်။ ပြိုင်ပွဲ တစ်ခုလုံးအပေါ် သုံးသပ်ချက်လေးပေးပါအုန်း။
ဖြေ။ ။မရှိပါဘူး။ ကိုယ်စားလှယ်လောင်းတွေအတွက်ကတော့ ပြောစရာမရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required