COVID-19 ရောဂါကာကွယ်ရေး အတွက် အမေရိကန်ကာကွယ်ရေးဌာနမှ ကန်ဒေါ်လာကိုးသောင်း ဖိုးရှိ PPE ဝတ်စုံများလှူဒါန်း

COVID-19 ရောဂါကာကွယ်ရေး အတွက် အမေရိကန်ကာကွယ်ရေးဌာနမှ ကန်ဒေါ်လာကိုးသောင်း ဖိုးရှိ PPE ဝတ်စုံများလှူဒါန်း
Photo -U.S. Embassy Rangoon

ဇူလိုင် ၂၉

 မြန်မာနိုင်ငံ၏COVID-19 ရောဂါ ကာကွယ်ရေးအတွက်  အမေရိကန် ကာကွယ်ရေးဌာနအနေဖြင့် ကန်ဒေါ်လာ ကိုးသောင်း ဖိုးရှိ PPE ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီ က “ ယနေ့လှူဒါန်းမှုဟာ မြန်မာနိုင်ငံမှာ လူ့အသက်ကယ်ဆယ်ရေးအတွက် နဲ့ Covid-19 ရောဂါတိုက်ဖျက်ရေးအတွက်ပါ  အမေရိကန် က ကျယ်ကျယ်ပြန့်ပြန့်ကူညီဖို့ ကြိုးစားခြင်း ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ် “ ဟု ပြောဆိုသည်။

အမေရိကန်အစိုးရ နှင့်ပြည်သူများ က မြန်မာနိုင်ငံအတွက် Covid-19 ရောဂါကုသရေးအတွက် လှူဒါန်းမှုစုစုပေါင်း ၁၈.၅ သန်းကျော်ရှိသွားပြီးဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီမှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃၁,၅၀၀ ၊ မျက်နှာအကာ ၁,၅၀၀ ၊ နှာခေါင်းစည်းများ ၊ ဝတ်ရုံများ၊ဖိနပ်ဖုံးများနှင့် မျက်ကာမျက်မှန် ၁,၀၀၀ တို့ကို ပေးအပ် လှူဒါန်း ခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကို မတ်လ ၂၃ ရက်နေ့မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၈နာရီ အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ COVID-19 သတင်းထုတ်ပြန်ချက်တွင် ပိုးတွေ့သူ ၃၅၁ ဦးအနက် ပြန်လည်သက်သာလာသူ ၂၉၃ ဦး နဲ့ ပိုးတွေသေဆုံးလူနာ ခြောက် ဦးရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly