ပထမအကြိမ်တွင် မှားယွင်းမှုရှိနိုင်သည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာရာတွင်အတည်ဖြစ်မည်

ပထမအကြိမ်တွင် မှားယွင်းမှုရှိနိုင်သည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာရာတွင်အတည်ဖြစ်မည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၅ရက်တွင်ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်း၌ ရန်ကုန်တိုင်းဒေသကြီး၏ မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ထပ်နေခြင်းများမရှိစေရန် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်နှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့က စိစစ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

 

လက်ရှိတွင် မှတ်ပုံတင်များမထပ်စေရန် စိစစ်မှုများလုပ်ဆောင်နေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဇူလိုင်လ ၂၅ရက်နေ့ ထုတ်ပြန်မည့်စာရင်းတွင်မူ အမှားအယွင်းများရှိနေ နိုင်သေးသည့်အတွက် ဒုတိယအကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းမှသာ အတည်ဖြစ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

တည်းဖြတ် / တင်ဆင် - လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required