‘ဘာစီလိုနာဟာ မန်ယူ ဒါမှမဟုတ် အေစီမီလန်လိုဖြစ်လာနိုင်တဲ့ အန္တရယ်ရှိနေတယ်။’ - ဗီတာဖောင့်

‘ဘာစီလိုနာဟာ မန်ယူ ဒါမှမဟုတ် အေစီမီလန်လိုဖြစ်လာနိုင်တဲ့ အန္တရယ်ရှိနေတယ်။’ - ဗီတာဖောင့်
Photos: EPA

ဘာစီလိုနာအသင်းဟာ အဓိကဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘူးဆိုရင် "အေစီမီလန် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် လက်သစ်ဖြစ်လာနိုင်တဲ့ အန္တရယ်ရှိတယ်"လို့ ကလပ်ဥက္ကဋ္ဌရာထူးကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဗစ်တာဖောင့်က ပြောပါတယ်။

ဖောင့်ဟာ ၂၀၂၁ ခုနှစ်မှာ လက်ရှိဥက္ကဋ္ဌ ဂျိုးဆက် မာရီယာ ဘာတိုမူရဲ့ နေရာကို ရယူဖို့ စိန်ခေါ်သွားမှာဖြစ်ပါတယ်။

မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ဟာ ကြာသပတေးနေ့က သုံးနှစ်အတွင်း သူတို့ရဲ့ ပထမဆုံးအကြိမ် လာလီဂါဖလားကို ရရှိခဲ့ပါတယ်။

ဖောင့်က ဘာစီလိုနာဟာ "ဥရောပမှာ အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းပါ။ အခုတော့ ထိပ်တန်းဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့မယ့် အန္တရာယ်ရှိနေပါတယ်။"လို့ ပြောပါတယ်။

သူက ကလပ်အသင်းအနေနဲ့ အဓိကကစားသမားတွေနေရာ အစားထိုးတာ၊ နူးကမ့်ကွင်းကို ပြန်လည်မွမ်းမံတာ၊ ကိုရိုနာဗိုင်ရပ်စ်ကပ်ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကိုင်တွယ်တာတွေမှာ "ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု"နဲ့ ကြုံတွေ့မယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပြိုင်ဆိုင်မှုက ပိုပြီး ပိုပြီးတော့ ပရော်ဖက်ရှင်နယ်ကျလာခဲ့တယ်။"လို့ သူက BBC Radio 5 Live ရဲ့ ယူရိုလိဂ်ပို့စ်ကဒ်ကို ပြောပါတယ်။

"ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတွေဟာ စီမံခန့်ခွဲမှုတွေ ကောင်းကောင်း ပြုလုပ်ထားနိုင်ခဲ့တယ်ဆိုတာ ခင်ဗျာ တွေ့ရမှာပါ။ states owning ကလပ်တွေတောင် ကလပ်ရဲ့ ဘဏ္ဍာရေးပိုင်းနဲ့ စီးပွားရေးမော်ဒယ်ပိုင်းဟာ အကန့်အသတ်နဲ့သာ ထားရှိနိုင်တဲ့အချိန်မှာတောင် ငွေကြေးများစွာ ရှာဖွေထားနိုင်ပါတယ်။

"ကျနော်တို့လည်း အခုလိုမျိုး မလုပ်နိုင်ခဲ့ဘူးဆိုရင် ဘာကာဟာ အေစီမီလန် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် လက်သစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။"

အေစီမီလန်ဟာ ၂၀၁၀-၁၁ ရာသီမှာ စီးရီးအေချန်ပီယံကို နောက်ဆုံး ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ၂၀၁၂-၁၃ ရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါဘူး။

‘မပျော်မရွှင်ဖြစ်နေတဲ့ မက်ဆီ’

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက လာလီဂါဖလားကို မက်ဒရစ်ဆီ လွှဲပြောင်းပေးခဲ့ရတာကြောင့် "အရာအားလုံး ပြောင်းလဲဖို့ လိုတယ်"လို့ ပြောဆိုထားပြီး အသင်းဟာ "အားနည်း" ပြီး "တကယ်ပဲ ရှေ့နောက် ညီညွတ်မှု မရှိဘူး"လို့ ဝေဖန်သွားပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဖောင့်ဟာ လက်ရှိမှာ ဘာတိုမူကို စိန်ခေါ်နိုင်မယ့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။

သူ့ရဲ့ ရည်မှန်းချက်တစိတ်တစ်ပိုင်းက အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဇာဗီကို နည်းပြအဖြစ် ပြန်လည်ခေါ်ယူဖို့ဖြစ်ပါတယ်။ ကီကေး ဆက်တီယန်က လက်ရှိ အသင်းနည်းပြဖြစ်ပြီး ဇာဗီကတော့ ကာတာကလပ် အယ်လ်ဆက်အသင်းကို ကိုင်တွယ်နေပါတယ်။

မက်ဆီရဲ့ စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ဖောင့်က တိုက်စစ်မှူးကိုလည်း ကလပ်အသင်းမှာ ဆက်လက်ရှိနေစေဖို့ သေချာအောင် လုပ်ဆောင်လိုပါတယ်။

"မက်ဆီဟာ မပျော်မရွှင်ဖြစ်နေပြီး ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ မသေချာ မရေမရာဖြစ်နေပါတယ်။"လို့ ဖောင့်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ "သူဟာ အထူးသဖြင့် ချန်ပီယံလိဂ်ဖလားကို တစ်နှစ်ပြီးတစ်နှစ် မဆွတ်ခူးနိုင်ခဲ့တာကြောင့် နည်းနည်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပုံရပါတယ်။ ဒီအချက်က အသင်းရဲ့ အာရုံစူးစိုက်ဖို့ လိုအပ်တဲ့ နေရာဖြစ်ပါတယ်။"

"ကျနော်တို့အနေနဲ့ လာမယ့် နွေရာသီကစလို့ အသင်းကို ကောင်းကောင်း သွားနိုင်မယ်ဆိုတာ သူနားလည်အောင် သေချာလုပ်သွားချင်ပါတယ်။ ကျနော်တို့ဟာ သူ့ကို တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းတွေနဲ့ ထောက်ပ့ံပေးသွားမှာမို့ သူ့ကစားသမားဘဝ နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ဆဲပါပဲ။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required