လာလီဂါချန်ပီယံလုပွဲမှာ ရီးယဲလ်မက်ဒရစ် ခြေချော်တာနဲ့ ဘာစီလိုနာက အဆင်သင့်ဖြစ်နေရမယ် - ဆွာရက်ဇ်

လာလီဂါချန်ပီယံလုပွဲမှာ ရီးယဲလ်မက်ဒရစ် ခြေချော်တာနဲ့ ဘာစီလိုနာက အဆင်သင့်ဖြစ်နေရမယ် - ဆွာရက်ဇ်
Photo: EPA

လူးဝစ် ဆွာရက်ဇ်က လာလီဂါပြိုင်ပွဲ ပန်းဝင်ဖို့ နီးလာတာနဲ့အမျှ အမှတ်ပေးဇယား ဦးဆောင်နေတဲ့ ရီးယဲလ်မက်ဒရစ်ဟာ ရမှတ်တွေ လျော့ကျသွားပါက ဘာစီလိုနာအနေနဲ့ အဆင်သင့်ဖြစ်နေရမယ်လို့ ပြောပါတယ်။

ချန်ပီယံနှစ်ကြိမ်တိုင်ကာကွယ်နေတဲ့ ဘာကာဟာ ဗုဒ္ဓဟူးနေ့က ပြိုင်ဘက် အက်စ်ပန်ညိုကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး သူတို့ရဲ့ ပါးလျတဲ့ ချန်ပီယံမျှော်လင့်ချက်ကို ဆက်လက် ရှင်သန်နေစခဲ့ပါတယ်။

ကတ်တလန်ဒါဘီပွဲစဉ်မှာ ဆွာရက်ဇ်ဟာ ဘာစီလိုနာအတွက် ပွဲချိန် ၅၆ မိနစ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ရီးယဲလ်အသင်းနဲ့ တစ်မှတ်ကွာ အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အက်စ်ပန်ညိုကတော့ ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် လာလီဂါကနေ တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

မက်ဒရစ်ဟာ သောကြာနေ့မှာ အလာဗက်စ်နဲ့ ရင်ဆိုင်ရာမှာ သူတို့ရဲ့ ၄ မှတ်ဖြတ်ထားနိုင်မှုကို ပြန်လည်ရယူနိုင်ပြီး ဘာကာကတော့ လက်ကျန် ၃ ပွဲသာရှိနေပေမယ့် တိုက်စစ်မှူး ဆွာရက်ဇ်က ကတ်တလန်အသင်းကြီးဟာ မက်ဒရစ် ခြေချော်တာနဲ့ တိုက်ပွဲဝင်သွားရန် အဆင်သင့်ဖြစ်နေရမယ်လို့ အခိုင်အမာဆိုပါတယ်။

"ကျနော်တို့ လုပ်ရမှာက လာမယ့် ၃ ပွဲစလုံးကို အနိုင်ရဖို့ပါ။"လို့ ဘာကာရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ တတိယနေရာ ရောက်လာခဲ့တဲ့ ဆွာရက်ဇ်က ပြောပါတယ်။ "မက်ဒရစ်က ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ပေါ့။"

"တကယ်လို့ ပြိုင်ဘက်ကသာ အမှတ်လျော့ခဲ့မယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့။ သူတို့သာ လုပ်ခဲ့မယ်ဆိုရင် ကျနော်တို့ ဒါကို စဉ်းစားရတော့မယ်။"

"'ဒါက ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ သူတို့ရဲ့ အခြေအနေကို သိထားတယ်။ တနင်္ဂနွေနေ့မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ သတိရှိရမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရဲ့ အကျိုးဆက်တွေကိုလည်း ခံစားနေရပါတယ်။ အရေးကြီးဆုံးအရာက အနိုင်ရဖို့နဲ့  နောက်ထပ် ရမှတ် ၃ မှတ်တွေ ရဖို့ပါပဲ။"လို့လည်း ဆွာရက်ဇ်က ပြောပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly