နယူးယောက်မြို့ရဲတပ်ဖွဲ့ဘဏ္ဍာငွေ လျှော့ချဖို့ ဆန္ဒပြတောင်းဆို

09 July 2020
နယူးယောက်မြို့ရဲတပ်ဖွဲ့ဘဏ္ဍာငွေ လျှော့ချဖို့ ဆန္ဒပြတောင်းဆို

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က မြို့တော်ခန်းမရှေ့မှာ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ရဲ့ အသုံးစရိတ် သိသိသာသာလျှော့ချပေးဖို့ ဆက်ပြီး တောင်းဆိုဆန္ဒပြနေကြပါတယ်။ အမေရိကန်လူမည်းအမျိုးသား George Floyd  ရဲဖမ်းခံရချိန် သေဆုံးခဲ့ရာက အစပြုပြီး Defund the Police ဆိုတဲ့လှုပ်ရှားမှုပေါ်ပေါက်လာတာပါ။ Floyd သေဆုံးမှုကြောင့်ပဲ အမေရိကန်က ရဲတပ်ဖွဲ့တွေရဲ့ လူနည်းစုဝင်တွေအပေါ် ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ပတ်သက်လို့  ငြင်းခုံစရာတွေ ရှိလာတာပါ။ VOA သတင်းထောက် Celia Mendoza ပေးပို့ထားတဲ့သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly