မုဆိုးရန် စိုးရိမ်နေရတဲ့ အာသံပြည်နယ်က ဘေးမဲ့တော

08 July 2020
မုဆိုးရန် စိုးရိမ်နေရတဲ့ အာသံပြည်နယ်က ဘေးမဲ့တော

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲက သစ်တောအရာရှိတွေဟာ မိုးရာသီကာလ ရေကြီးရေလျှံမှုနဲ့ တိရိစ္တာန်တွေကို တောလိုက်မုဆိုးတွေရဲ့ရန်ကနေကာကွယ်နိုင်ရေး ပြင်ဆင်နေပါတယ်။ ဒီပြည်နယ်မှာ အဓိက ကျင်လည်ကျက်စားကြတဲ့ ဦးချိုပါကြံ့တွေကို တောလိုက်မုဆိုးတွေက သတ်ဖြတ်လေ့ရှိပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO က ဘေးမဲ့တောအဖြစ် သတ်မှတ်ထားတဲ့ Kaziranga သစ်တောကြိုးဝိုင်းထဲက ကျားတွေနဲ့ ဆင်တွေလည်း မုဆိုးရန်နဲ့ ရင်ဆိုင်နေရပါတယ်။ AFP သတင်းဆောင်းပါးကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly