YBS ကဒ်စနစ်အား ဇူလိုင် ၂၁ရက်တွင် စတင်အသုံးပြုနိုင်မည်

YBS ကဒ်စနစ်အား ဇူလိုင် ၂၁ရက်တွင် စတင်အသုံးပြုနိုင်မည်
Photo - EPA

ဇူလိုင် ၇ရက်

YBS ကဒ်စနစ်အား ဇူလိုင် ၂၁ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မဇ္ဈိမသို့ပြောသည်။

၎င်းက " ကျွန်တော်တို့ ၂၁ရက်နေ့မှာ YPSစနစ်ကို မိဘပြည်သူလူထုတွေ အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီး စတင်မိတ်ဆက်ပြီးတော့ သုံးစွဲမှုကို စတင်မှာဖြစ်ပါတယ် " ဟု ဆိုသည်။

YBS ကဒ်စနစ်ကို စမ်းသပ်နေစဉ်ကာလအတွင်း  ကဒ်ဖြတ်၊ မဖြတ်ကိုသိရှိရန် စက်ကထွက်ပေါ်လာသည့် အချက်ပေးသည့်အသံမှာ ရှည်လျားနေသည့်အတွက် ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ခဲ့ရသည်။

ကဒ်ဖြတ်နှုန်းထားမှာတစ်စက္ကန့်နှင့် တစ်စက္ကန့်ခွဲနှုန်းထားကြာမြင့်ပြီးကဒ်ဖြတ်နိုင်သည့် အကွာအဝေးမှာ ၁၀ စင်တီမီတာရှိကြောင်း ယခင်က ပြောကြားချက်များအရ သိရသည်။

YBS ကဒ်စနစ်များအား ယာဉ်အစီးရေ ၂၀၀၀ကျော်မှာ တပ်ဆင်ထားပြီး ယာဉ်စီးခပေးဆောင်ရမည့်ကဒ်များအား လူစည်ကားရာနေရာများတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

စတင်အသုံးပြုရာတွင်ထည့်သွင်းပေးချေရမည့် ငွေကြေးနှင့် ဝန်ဆောင်ခများနှင့်ပက်သက်ပြီး စတင်မိတ်ဆက်ချိန်မှသာအတိအကျထုတ်ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။

YBS ကဒ်စနစ်အား Asia Starmar Transport  Intelligent ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required