ပလိပ်ရောဂါသတိပေးချက်ကြောင့် မြေအောင်းတိရစ္ဆာန်အမဲလိုက်မှု ရုရှားနှိမ်နင်း

ပလိပ်ရောဂါသတိပေးချက်ကြောင့် မြေအောင်းတိရစ္ဆာန်အမဲလိုက်မှု ရုရှားနှိမ်နင်း

ဇူလိုင် ၇

တရုတ် မွန်ဂိုးလီးယားတွင် ပလိပ်ရောဂါကူးစက်မှုဖြစ်စဉ်တွေ့ရှိပြီးနောက် ရုရှားသည် အဆိုပါနိုင်ငံများနှင့်ထိစပ်နေသော ၎င်း၏နယ်နိမိတ်အနီး မြေအောင်းတိရစ္ဆာန်များအမဲလိုက်ခြင်းမရှိစေရန် ကင်းလှည့်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်ဟု တနင်္လာနေ့က ပြောသည်။

တရုတ် မွန်ဂိုးလီးယားရှိ Bayan Nur မြို့ဆေးရုံ၌ ပလိပ်ရောဂါကူးစက်မှုတွေ့ရှိပြီးနောက် အာဏာပိုင်များက တနင်္ဂနွေနေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် ရှဉ့် ကြွက်စ‌သော မြေအောင်းတိရစ္ဆာန်များကို အမဲလိုက်ခြင်းနှင့် စားသုံးခြင်းကို တားမြစ်ခဲ့ပြီး သံသယဖြစ်စဉ်များနှင့် ဖျားနာ သေဆုံးနေသော မြေအောင်းတိရစ္ဆာန်များတွေ့ပါက သတင်းပေးရန် ပြည်သူများအား ညွှန်ကြားထားသည်။

မွန်ဂိုးလီးယား Khovd ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က မြေအောင်းတိရစ္ဆာန်သားများကို စားသုံးသူ နှစ်ဦး၌ ပလိပ်ရောဂါကူးစက်မှုတွေ့ရှိခဲ့သည်။

ကာဇက်စတန်နှင့်နယ်နိမိတ်ထိစပ်နေသော ရုရှား အယ်လ်တိုင်ဒေသ၊ တရုတ်နှင့် မွန်ဂိုးလီးယားမှ တာဝန်ရှိသူများသည် မြေအောင်းတိရစ္ဆာန်အမဲလိုက်ခြင်းကို တားမြစ်ရန်နှင့် ပြည်သူများအား သတိပေးရန် ကင်းလှည့်နေကြကြောင်းနှင့် စားသုံးသူကျန်းမာရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Rospotrebnadzor ၏ ဒေသန္တရဌာနခွဲတစ်ခုက နယ်စပ်တစ်လျှောက်ဖြစ်သည့် ကူးစက်မှုများက အယ်လ်တိုင်ဒေသကလူများအတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း TASS သတင်းဌာနတွင် ဖော်ပြခဲ့သည်။ 

အလယ်ခေတ်က ‘Black Death’ ဟုခေါ်ဆိုသော ၎င်းပလိပ်ရောဂါသည် လွန်စွာကူးစက်တတ်ကာ ရှဉ့် ကြွက်များဖြင့် ပျံ့နှံ့နိုင်သော သေစေတတ်သည့် ရောဂါဖြစ်သည်။ ထိုသို့ အကျိတ်ထွက်သော ပလိပ်ရောဂါဖြစ်ပွားမှုသည် ရှားပါးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly