မက်ဆီဟာ ဘာစီလိုနာမှာပဲ ʻသူ့ရဲ့ ကစားသမားဘဝ ကုန်ဆုံးသွားပါလိမ့်မယ်’ - ဘာတိုမူ

မက်ဆီဟာ ဘာစီလိုနာမှာပဲ ʻသူ့ရဲ့ ကစားသမားဘဝ ကုန်ဆုံးသွားပါလိမ့်မယ်’ - ဘာတိုမူ
Photo: Barcelona

လီယွန်နယ် မက်ဆီဟာ "သူ့ရဲ့ အလုပ်နဲ့ ဘောလုံးကစားသမားဘဝကို ဘာစီလိုနာမှာပဲ ကုန်းဆုံးသွားလိမ့်မယ်"လို့ ကလပ်အသင်းရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

အသက် ၃၃ နှစ်ရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် သူ့ရဲ့လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူးဆိုတဲ့ သတင်းဖော်ပြမှုတွေကို ဘာတိုမူက ပယ်ချခဲ့ပါတယ်။

"ကျနော်တို့အနေနဲ့ ကစားသမားများစွာနဲ့ ညှိနှိုင်းနေရပါတယ်။ ဒါပေမယ့် မက်ဆီက ကလပ်အသင်းမှာ သူဆက်နေချင်တယ်လို့ ကျနော်တို့ကို ရှင်းပြခဲ့ပါတယ်။"လို့ ဘာတိုမူက စပိန်တယ်လီကွန်းနက်ဝက် Movistar ကို ပြောကြားခဲ့ပါတယ်။

"'ဒါ့ကြောင့် ကျနော်တို့ သိပ်မကြာခင်မှာ သဘောတူညီမှုရမယ်ထင်ပါတယ်။"

မက်ဆီဟာ တနင်္ဂနွေ့နေ့ ဗီလာရီးယဲလ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဒီရာသီမှာ အသင်းအတွက် ၁၉ ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required