ပြည်တွင်း Haj ဘုရားဖူးများအတွက် ကျန်းမာရေးစီမံချက်များ ဆော်ဒီအာရေဗျထုတ်ပြန်

ပြည်တွင်း Haj ဘုရားဖူးများအတွက် ကျန်းမာရေးစီမံချက်များ ဆော်ဒီအာရေဗျထုတ်ပြန်

ဇူလိုင် ၆

ဆော်ဒီအာရေဗျနိုင်ငံသည် ၂၀၂၀ ခုနှစ် Haj ဘုရားဖူးကာလတွင် ကိုရိုနာဗိုင်းရပ်စ်သစ်ပျံ့နှံ့မှုကိုတားဆီးရန် လူစုလူဝေးနှင့် တွေ့ဆုံခြင်းများကို တားမြစ်လျက် ကျန်းမာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်လိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာနက တနင်္လာနေ့တွင် ပြောသည်။

ကမ္ဘာတစ်လွှားမှ မွတ်စလင်များ ဓလေ့ထုံးတမ်းအရ လာရောက်ဝတ်ပြုခြင်းကို ပထမဆုံးအကြိမ် တားမြစ်ပြီးနောက် ဆော်ဒီအာရေဗျသည် ကိုရိုနာဗိုင်းရပ်စ်တားဆီးရန်အတွက် ပြည်တွင်းမှ လူ ၁ ၀၀၀ ခန့်သာ Haj ဘုရားဖူးလာရောက်ရန် ဇွန်လ၌ ဆုံးဖြတ်ခဲ့သည်။

အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ Kaaba အမည်းရောင် လေးထောင့်အဆောက်အအုံအား ထိတွေ့ခြင်းကိုလည်း ယခုနှစ်၌တားမြစ်ထားသည်။ စက်ဝိုင်းပုံဝတ်ပြုဧရိယာအတွင်း လူအစုလိုက် ဘုရားဝတ်ပြုခြင်းအပါအဝင် ဘုရားဖူးတစ်ဦးနှင့်တစ်ဦးအကြား ငါးပေခန့် ခွါနေရန် စည်းကမ်းသတ်မှတ်မည်ဟု ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ၏ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြထားသည်။

အလားတူ အခြားအထွတ်အမြတ်ထားရာနေရာများဖြစ်သည့် Mona ၊ Muzdalifah နှင့် Arafat နေရာများကိုလည်း ဇူလိုင် ၁၉ မှစ၍  ဩဂုတ် ၂ ရက်အထိ ဘုရားဖူးခွင့်ရသူများအတွက်သာ ဝင်ခွင့်ပြုထားပြီး ဘုရားဖူးများနှင့် ပွဲစီစဉ်သူများအားလုံး နှာခေါင်းစည်းများ တစ်ချိန်လုံးတပ်ထားရမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly