မြန်မာရွေးကောက်ပွဲကာလအတွင်း နယ်စပ်တည်ငြိမ်အေးချမ်းရေး ထိုင်းအမှတ် ၃ တပ်မနယ်မြေ အသင့်ရှိနေ

မြန်မာရွေးကောက်ပွဲကာလအတွင်း နယ်စပ်တည်ငြိမ်အေးချမ်းရေး ထိုင်းအမှတ် ၃ တပ်မနယ်မြေ အသင့်ရှိနေ

ထိုင်း-မြန်မာနယ်စပ် အခြေအနေ ပုံမှန်တည်တည်တည်ငြိမ်ငြိမ်ရှိပြီး မြန်မာရွေးကောက်ပွဲကာလအတွင်း နဂိုအတိုင်း တည်ငြိမ်အေးချမ်းစွာရှိရေးအတွက် ထိုင်းအမှတ် ၃ တပ်မနယ်မြေက တာဝန်ယူအသင့်ရှိနေကြောင်း တပ်မှူးဖြစ်သူက ပြောကြောင်း Thai News Agency TNA တွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာ-လာအို နယ်စပ်အခြေအနေက တည်ငြိမ်အေးချမ်းလျက်ပင်ရှိနေကြာင်း တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်ဆတ်နီဘန်ဂျာကူက ပြောသည်။

နယ်စပ်ဒေတွင် နဂိုရှိရင်းအတိုင်း တည်ငြိမ်အေးချမ်းစွာရှိရေးအတွက် ပြင်ဆင်ထားရန် ပုံမှန်အမိန့်သာထုတ်ထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံက ရွေးကောက်ပွဲကာလအတွက် အထူးမစ်ရှင်များ ချထားရန်မူ မလိုအပ်ပါကြောင်း ၎င်းကပြောခဲ့သည်။

အမှတ်၃ တပ်မနယ်မြေသည် မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းအတွက် လုံခြုံရေးရာ တာဝန်ယူထားရသည့် တပ်မဖြစ်သည်။

ဆွမ်ဆတ်နီဘန်ဂျာကူက အိမ်နီးချင်းနိုင်ငံတွင် ဆူပူအကြမ်းဖက်ကြောင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာမည့်သူများအရေး ကိုင်တွယ်ဖြေရှင်းရန်အတွက် တပ်မက ပြင်ဆင်လုပ်ငန်းများ   ဆောင်ရွက်ထားကြောင်း၊ သို့သော် မြန်မာအစိုးရက ပဋိပက္ခများ ဆယ်စုနှစ်ကြာဖြစ်ပွားနေခြင်း အဆုံးသတ်ရေး မျှော်မှန်းလျက် လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့် အပစ်ရပ်သဘောတူမှု ရရှိထားပြီးဖြစ်ရာ ထိုသို့သော ပဋိပက္ခများ ဖြစ်ပွားလာလိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required