ဟောင်ကောင်က စာကြည့်တိုက်များမှာ ဒီမိုကရေစီနှင့်ဆိုင်သော စာအုပ်များ ပျောက်ကွယ်

ဟောင်ကောင်က စာကြည့်တိုက်များမှာ ဒီမိုကရေစီနှင့်ဆိုင်သော စာအုပ်များ ပျောက်ကွယ်

ဇူလိုင် ၅

ဟောင်ကောင်က စာကြည့်တိုက်များတွင် အထင်ကရ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ရေးသားထားကြသည့် စာအုပ်များ စပြီး ပျောက်ကွယ်လျက် ရှိလာနေသည်။ စီးပွားရေး အချက်အချာ ဟောင်ကောင်၌ အလွန်ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်က ပြဋ္ဌာန်းပြီး ရက်ပိုင်းမှာပင် ယခုကဲ့သို့ ဒီမိုကရေစီနှင့် သက်ဆိုင်သော စာအုပ်များ ပျောက်ဆုံးလာခြင်းဖြစ်သည်။

ထိုသို့ စာကြည့်တိုက်များတွင် မတွေ့ရတော့သော စာအုပ်များတွင် မြို့၏ နာမည်အကျော်ကြားဆုံး လူငယ် တက်ကြွလှုပ်ရှားသူ ဂျိုရှောဝေါင်နှင့် ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ် တန်ယာချန်းတို့ ရေးသားသော စာအုပ်များ အပါအဝင် ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က တရုတ်နိုင်ငံသည် အမျိုးသားလုံခြုံရေးသစ်ကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး ယင်း ဥပဒေဟာသည် ကိုယ်ပိုင်အုပ်ချုပ်ရေး တစ်စိတ်တစ်ပိုင်းရ ဟောင်ကောင်အတွက် အဓိက ပြောင်းလဲပစ်မည့် ဥပဒေတစ်ရပ်ပဲ ဖြစ်သည်။ ဗြိတိန်လက်မှ တရုတ်ဆီ ၁၉၉၇ ခုနှစ်၌ ဟောင်ကောင်ကို လက်လွဲပေးအပ်ပြီးနောက်ပိုင်း ဟောင်ကောင်အား စီမံအုပ်ချုပ်ရာ၌ အကြီးမားဆုံး အပြောင်းအလဲ ဖြစ်စေသော ဥပဒေပဲ ဖြစ်သည်။

ဟောင်ကောင်တွင် ဒီမိုကရေးလိုလားသော ဆန္ဒပြပွဲများ တစ်နှစ်တာ ဖြစ်ပွားအပြီး တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရန်အတွက်ဟု တရုတ်အာဏာပိုင်တွေက ပြောသည်။ ယခု ဥပဒေက လွတ်လပ်ခွင့်ကို ချိုးနှိမ်မည် မဟုတ်ဘဲ လူနည်းစု တစ်စုစာအပေါ်ပဲ ပစ်မှတ်ထားသွားမည် ဖြစ်ကြောင်း ပြောသည်။

သို့ရာတွင် လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုပြီး တောင်းဆိုသည် ဆိုင်းဘုတ်များ ရှိရုံနှင့် ရဲ ဖမ်းဆီးခံရခြင်းနှင့်အတူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ရှိထားပြီးသား ဟောင်ကောင်အတွက် ယခု ဥပဒေအပေါ် စိုးရိမ်မှုများ ဖြစ်တည်နေသည်။

ယခုကဲ့သို့ ဒီမိုကရေစီနှင့် သက်ဆိုင်သော စာအုပ်များ ပျောက်ကွယ်လာရခြင်းသည် လုံခြုံရေးဥပဒေကြောင့်ပဲ ဖြစ်သည်ဟု ဂျိုရှောဝေါင်က ပြောသည်။

“စိုးရိမ်ပူပန်မှုတွေ ဆက်လက်ဖြစ်ပွားပြန့်နှံ့နေတယ်။ အဲဒီ အမျိုးသားလုံခြုံရေးဥပဒေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို အပြစ်ပေးမယ့် လက်နက်တစ်ခုပဲ ဖြစ်တယ်။”ဟု ဂျိုရှောဝေါင်က ဖေ့ဘုတ်၌ ရေးသားသည်။

အများပြည်သူ စာကြည့်တိုက်ဝက်ဘ်ဆိုက်၌ ရှာရာတွင် ဂျိုရှောင်ဝေါင်၊ တန်ယာချန်းနှင့် ချင်းဝန်တို့ရဲ့ စာအုပ်နာမည်တွေကို တွေ့ရသော်လည်း မြို့အနှံ့က စာကြည့်တိုက်များမှ ငှားရမ်းလို့ မရတော့ပေ။

ထို စာအုပ်များသည် အမျိုးသားလုံခြုံရေးဥပေဒကို ချိုးဖောက်နေသလားဆိုခြင်းအား စိစစ်နေချိန်ဖြစ်၍ ဖယ်ရှားထားခြင်း ဖြစ်ကြောင်း စာကြည့်တိုက်များကို ကွပ်ကွဲနေသည့် အားလပ်ချိန်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုဌာနက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly