နှာခေါင်းစည်း မဝတ်ခြင်းက ရှက်စရာဟု မင်းသားကြီး တွမ်ဟန့် ပြော

နှာခေါင်းစည်း မဝတ်ခြင်းက ရှက်စရာဟု မင်းသားကြီး တွမ်ဟန့် ပြော

ဇူလိုင် ၄

ကမ္ဘာကျော်များမှ COVID-19 ကူးစက်ခံရဖူးသူတစ်ဦးဖြစ်သည့် မင်းသားကြီး တွမ်ဟန့်က နှာခေါင်းစည်း မဝတ်သူများနှင့် ပတ်သက်ပြီး ၎င်း၏ ခံစားချက်ကို ထုတ်ဖော်ပြောလာသည်။

တွမ်ဟန့်နှင့် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်ဖြစ်သည့် ရီတာဝီဆန်တို့ နှစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းကို ပထမဆုံး ကြေညာသည့် နာမည်ကျော်ကြားသူများမှ နှစ်ဦးအပါအဝင် ဖြစ်သည်။

လက်ရှိတွင် တွမ်ဟန့်က လူများအား နှာခေါင်းစည်း ဝတ်ကြရန် ပြောဆိုတိုက်တွန်းလျက် ရှိသည်။

ဇူလိုင် ၁၀ ရက်တွင် AppleTV+ ၌ ပွဲဦးထွက်ပြသမည့် သူ၏ Greyhond ရုပ်ရှင်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းကို တွမ်ဟန့်က အားပေးပြောဆိုခဲ့ကြောင်း People မဂ္ဂဇင်းက သတင်းဖော်ပြခဲ့သည်။

“မနက်ဖြန်တွေကို ပိုင်ဆိုင်ဖို့ ကျွန်တော်တို့ အမှန်တကယ် လုပ်ရမှာ သုံးခုရှိပါတယ်။ နှာခေါင်းစည်း တပ်ပါ၊ လူခွာနေပါ၊ လက်ဆေးကြပါ။”ဟု တွမ်ဟန့်က ပြောသည်။

“ဒါတွေဟာ လုပ်ရတာ လွယ်ကူရိုးရှင်းပါတယ်။ ဒီ အခြေခံ အကျဆုံး သုံးချက်ကိုတောင် မလိုက်နာနိုင်ရင် သူတို့ဟာ ရှက်စရာပဲလို့ ကျွန်တော် ထင်တယ်။”ဟု ၎င်းက ပြောသည်။

တွမ်ဟန့်နှင့် ဇနီးဖြစ်သူ ရီတာတို့သည် မတ်လအတွင်းက ဩစတြေးလျသို့ ရောက်ရှိစဉ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါခြေချုပ် ဝင်ခဲ့ရသည်။

Baz Luhrmann ၏ အဲဗစ်ပရက်စလေ ဇာတ်ကားအတွက် တွမ်ဟန့်က ပရက်စလေ၏ မန်နေဂျာအဖြစ် ပါဝင်သရုပ်ဆောင်သည့် ဇာတ်ကွက်များ ရိုက်ချိန် ကာလက ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly