ချစ်သူစုံတွဲ စကားများရာမှ ထီ ဒေါ်လာ ၁၇၇၇၇၇ ဆုပေါက်

ချစ်သူစုံတွဲ စကားများရာမှ ထီ ဒေါ်လာ ၁၇၇၇၇၇ ဆုပေါက်

ဇူလိုင် ၄

အမေရိကန်၊ ဗာဂျင်းနီးယားပြည်နယ်က အမျိုးသမီးတစ်ဦးသည် ၎င်းနှင့် ၎င်း၏ ရည်းစားဖြစ်သူတို့ စကားများကြခြင်းသည် အမေရိကန်ဒေါ်လာ ၁၇၇၇၇၇ ထီဆုပေါက်ဖို့အတွက် ဖြစ်ခဲ့ပြီး ကံထူးခဲ့ကြောင်း ပြောသည်။

ကရီးနှင့် သူ့ချစ်သူ ဂျိုရှောတို့သည် အငြင်းအခုံဖြင့် စကားများကြရာ စိတ်ဆိုးဒေါသများ ပြေရန် ကားမောင်းထွက်ခဲ့သည်ဟု ဗာဂျင်းနီးယား ထီရုံတာဝန်ရှိသူများကို ၎င်းက ပြောသည်။

ဗန်တွန်မြို့က Nishi Food Mart ဆိုင်တွင် ဓာတ်ဆီဖြည့်ရန် ကားရပ်ခဲ့သည်ဟု ကရီးက ပြောသည်။ ယင်းတွင် ဂျိုရှောအား ဆိုင်တွင်းဝင်ပြီး သောက်စရာတစ်ခုခုနှင့် ထီလက်မှတ်အချို့ ဝယ်ရန် ကရီးက ခိုင်းခဲ့သည်။

ကားပြန်မောင်းထွက်လာချိန်၌ ကားပေါ်တွင် ထီလက်မှတ်အား ခြစ်ပြီး တိုက်ကြည့်ရာ လက်မှတ်တစ်စောင်က Lucky 7s Tripler ထီဆုပေါက်ပြီး ဒေါ်လာ ၁၇၇၇၇၇ ဆွတ်ခူးခြင်းပင်ဖြစ်သည်ဟု ကရီးက ပြောသည်။

“ကျွန်တော်တို့ ကားကို ပြန်လှည့်ကွေ့လာတော့တယ်။”ဟု ဂျိုရှောက ၎င်းတို့ ရည်ရွယ်ချက်မဲ့ ကားမောင်းနေခြင်းအား ဆက်မလုပ်တော့ရန် ဆုံးဖြတ်လိုက်ပုံနှင့် ၎င်းတို့၏ စကားများ ငြင်းခုံမှုက ထီဆုပေါက်စေခဲ့သည်တို့အား ပြန်ပြောင်းပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly