ဘော့ဆွာနာ၌ ဆင်ရာပေါင်းများစွာ ပဟေဠိဖြစ်ဖွယ် သေဆုံးနေ

ဘော့ဆွာနာ၌ ဆင်ရာပေါင်းများစွာ ပဟေဠိဖြစ်ဖွယ် သေဆုံးနေ

ဇူလိုင် ၃

ဘော့ဆွာနာနိုင်ငံက နာမည်ကြီး အိုကာဗန်ဂိုမြစ်ဝကျွန်းပေါ်အရပ်တွင် ဆင်ကောင်ရေ ရာပေါင်းများစွာသည် ပဟေဠိဖြစ်ဖွယ် သေဆုံးနေကြောင်း တောရိုင်းတိရစ္ဆာန်ဌာနက ကြာသပတေးနေ့၌ ပြောသည်။

ထိုသို့ သေဆုံးမှုတွင် ဆင်များ၌ ဆင်စွယ်များ ရှိနေဆဲဖြစ်ခြင်းကြောင့် အမဲလိုက်သတ်ဖြတ်ခံရခြင်း မဟုတ်ကြောင်းလည်း ကောက်ချက်ချထားသည်။

ကုန်းတွင်းပိတ် အာဖရိကတစ်နိုင်ငံဖြစ်သည့် ဘော့ဆွာနာသည် ကမ္ဘာတွင် ဆင်ကောင်ရေအများဆုံး နိုင်ငံဖြစ်ကာ ခန့်မှန်းဆင်ကောင်ရေ ၁၃၀၀၀၀ နီးပါး ရှိသည်။

“မြောက်ပိုင်း အိုကာဗန်ဂိုမြစ်ဝကျွန်းပေါ်အရပ်မှာ သေဆုံးတဲ့ ဆင်ပေါင်း ၃၅၆ ကောင် ရှိပြီး ကျွန်တော်တို့တွေ အတည်ပြုနိုင်တာကတော့ ၂၇၅ ကောင် ရှိပါတယ်။”ဟု တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်ဌာန ယာယီညွှန်ကြားရေးမှူး ဆိုင်ရီးတာယိုလိုက အေအက်ဖ်ပီသို့ ပြောသည်။

ထိုကဲ့သို့ ဆင်များ သေဆုံးရခြင်းသည် ထောင့်သန်းနာကြောင့်လည်း မဟုတ်သကဲ့သို့ မည်သည့်အကြောင်းချင်းရာကြောင့် သေဆုံးရခြင်း မသိရသေးကြောင်း ၎င်းက ပြောသည်။

“သေဆုံးတဲ့ ဆင်တွေမှာ ဆင်စွယ်တွေလည်း နဂိုအတိုင်း ရှိတာကြောင့် အမဲလိုက်ခံရပြီး သေဆုံးတာလည်း မဟုတ်နိုင်ဘူး။”ဟု ဆိုင်ရီးတာယိုလိုက ဆိုသည်။

အဆိုပါ သေဆုံးဆင်များမှ နမူနာများကို ရယူပြီး တောင်အာဖရိက၊ ဇင်ဘာဘွေနှင့် ကနေဒါနိုင်ငံများက အထူးဓာတ်ခွဲခန်းများသို့ စစ်ဆေးစမ်းသပ်ရန် ပေးပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly