လာမယ့် ရွေးကောက်ပွဲက ညွန့်ပေါင်းအစိုးရဖြစ်နိုင်တယ်

လာမယ့် ရွေးကောက်ပွဲက ညွန့်ပေါင်းအစိုးရဖြစ်နိုင်တယ်

ရန်ကုန်၊ ဇူလိုင် ၃ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ကြေညာခဲ့သည်။ထို့နောက် နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ်များ စိစစ်ရွေးချယ်ရေး၊ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ရွေးချယ် သတ်မှတ်ရေး၊ ရွေး ကောက်ပွဲ အနိုင်ရပါက မည်သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မလဲဆိုသည့်အပေါ် မူဝါဒများ ချမှတ်ရေး စသည့် အခန်းကဏ္ဍများကို ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။

ထို့ကြောင့် မွန်နိုင်ငံရေးပါတီ ၂ ပါတီ ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် စုစည်းထားသည့် မွန်ညီညွတ်ရေး ပါတီ အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မည်သည့် မူဝါဒများဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွား မလဲ၊ ရွေးကောက်ပွဲအနိုင်ရပါက မည်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန် ရှိမလဲ၊ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းက မည်သို့ ဖြစ်တည်လာနိုင်ခြေရှိသည်ဟု မှန်းဆချက်များ ရှိသလဲ ဆို သည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ် မေးမြန်းထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly