လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်မယ့် အသင်း ၄ သင်းကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ကလော့ပ်

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်မယ့် အသင်း ၄ သင်းကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ကလော့ပ်
Photos: EPA

ယာဂန် ကလော့ပ်က လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ သူတို့ရဲ့ ပရီးမီးယားလိဂ်ဆုဖလားအတွက် မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ဆီကနေ ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရဖို့ မျှော်လင့်နေပါတယ်။

ကလော့ပ်ရဲ့ အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း သူတို့ရဲ့ ပထမဆုံးလိဂ်ဖလားကို ပြီးခဲ့တဲ့အပတ်က ဆွတ်ခူးခဲ့ပါတယ်။

သူတို့ဟာ ကြာသပတေးနေ့မှာ ဒုတိယနေရာက မန်ချက်စတာစီးတီးနဲ့ မတွေ့ဆုခင် ၂၃ မှတ်ဖြတ်ထားပြီးနောက် လက်ကျန် ၇ ပွဲ အလိုမှာ ဆုဖလားကို ကိုင်မြှောက်ခဲ့တာပါ။

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ၂၀၁၇-၁၈ ရာသီက စီးတီးအသင်းစံချိန်တင်ရမှတ် ၁၀၀ ယူနိုင်ခဲ့တဲ့ စံချိန်ကို ဖြတ်ကျော်နိုင်ဖို့အတွက် လက်ကျန်ပွဲတွေကို ရလဒ်တွေကောင်းဖို့အတွက် ကြိုးစားကစားရဦးမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို အယ်တီဟတ်ကွင်းမှာ လက်ခုပ်တီးဂုဏ်ပြုဖို့ ပြင်ဆင်ထားပြီး ကလော့ပ်က သူတို့ရဲ့နောက်ဆုံးတွေ့ဆုံမှုပွဲစဉ်ဟာ လာမယ့်ရာသီအတွက် အရေးပါလိမ့်မည်မဟုတ်ကြောင်း ပြောပါတယ်။

ဂျာမန်သားနည်းပြက လီဗာပူးလ်နဲ့ စီးတီးနှစ်သင်းလုံးဟာ ပြန်လည်တိုးတက်လာတဲ့ ယူနိုက်တက်နဲ့ ဖရန့်လမ်းပတ်ရဲ့ ထွက်ပေါ်လာတဲ့ နုပျိုတဲ့ချယ်လ်ဆီးတို့ရဲ့ ခြိမ်းခြောက်မှုအသစ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

"လူတွေ ဘာပဲပြောပြော၊ ဒီပွဲစဉ်က လာမယ့်ရာသီအတွက် အရေးပါမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သေချာတာက ကျနော်တို့ (လီဗာပူးလ်နဲ့ စီးတီး) အသင်းနှစ်သင်းက အဆင်သင့်ဖြစ်နေရမှာမို့ပါ။"လို့ ကလော့ပ်က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။

"ယူနိုက်တက်အနေနဲ့ ပြန်လာနေတာကို ကျနော်တို့ မြင်မှာပါ။ လူတွေက သူတို့မှာ အခွင့်အရေးမရှိဘူးလို့ ထင်ခဲ့ကြပေမယ့် ကစားသမားတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်၊ သူတို့ ဘယ်လောက်ကောင်းပြီး ဘယ်လောက်ကောင်းနိုင်မလဲဆိုတာကို ကျနော်တို့ တွေ့မြင်ရတယ်။ သေချာပါတယ်။ သူတို့ဟာ လာမယ့်ရာသီမှာ ပိုဆိုးလာမှာမဟုတ်ဘူး။ အခုဆိုရင် ချယ်လ်ဆီးလည်း ရှိနေသေးတယ်။

"ဆုဖလားဟာ စီးတီးနဲ့ ကျနော်တို့အတွက်ပဲ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး ဇယားထိပ်ဟာ စီးတီးနဲ့ ကျနော်တို့ပါ။ အဲဒီမတိုင်ခင် လေး၊ ငါးနှစ်လောက်က စီးတီးပေါ့။"

"လာမယ့်ရာသီမှာ စီးတီး၊ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က ဒီထက်ပိုပြီး တောင့်တင်းလာပါလိမ့်မယ်။ စီးတီးက ထူးချွန်တဲ့အသင်းပါ။ ယူနိုက်တက်ရဲ့ ခြေစွမ်းကလည်း ကောင်းမွန်သလို ချယ်လ်ဆီးကလည်း တကယ်ပဲ အကောင်းဆုံးပုံစံရှိနေပါတယ်။"

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly