ယာဉ်မောင်း၂၈၀ ဝန်းကျင်ကို နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲ

ယာဉ်မောင်း၂၈၀ ဝန်းကျင်ကို နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲ

ဇူလိုင် ၁

ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့လက်အောက်တွင်ရှိ‌သော Yangon Bus Public Company Limited (YBPC) ကုမ္ပဏီအနေဖြင့် ယာဉ်မောင်း၂၈၀ ဝန်းကျင်ခန့်ကို နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲလိုက်ကြောင်း YBPD ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့မှသိရသည်။

ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့မှ အတွင်းရေးမှူး ကိုဇေယျာဝင်းက “YBPD ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အနေနဲ့ ညှိနှိုင်းဖြေရှင်းနေဆဲကာလမှာ ၂၀၁၂အငြင်းပွားမှု့ဥပဒေအရ အလုပ်ထုတ်ခြင်း အလုပ်ပိတ်ခြင်း၊ အလုပ်သမားဘက်ကလည်းသပိတ်မှောက်ခြင်းကိုလုပ်လို့မရဘူးဆိုတဲ့ပြငြာန်းချက်ရှိတယ်ဗျ။အဲ့တာသူတို့က ဒီညှိနှိုင်းဆဲကာလမှာဘဲ ကျွန်တော်တို့အဓမ္မအလုပ်ထုတ်လိုက်တယ်ပေါ့”ဟု‌ပြောသည်။

ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အနေဖြင့် ယာဉ်မောင်းများ၏ အခြေခံလုပ်ခလစာသုံးသိန်းကျပ်မှ ကျပ်တစ်သိန်းခွဲ အထိလျော့ချလိုက်ခြင်းအပေါ်ဖြေရှင်းပေးရန် မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစိစစ် ရေးဌာနကို ဇွန်လ ၂၃ရက်နေ့တွင်တိုင်ကြားခဲ့ပြီး ဇွန်လ ၂၅ရက်နေ့မှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေနှင့် ယာဉ်မောင်းဝန်ထမ်းကိုယ်စားလှယ်များ က မြို့နယ်ဦးစီးအရာရှိများရှေ့တွင်ဆွေးနွေးခဲ့ကြသည်။

ဒီကနေ့ ဇွန်လ၁ရက်နေ့တွင် ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အနေဖြင့် ညှိနှိုင်းနေဆဲကာလအတွင်း ယာဉ်မောင်းများအား နစ်နာကြေးပေးပြီးထုတ်ပယ်ခြင်း အပေါ်မကျေနပ်သောကြောင့်မှော်ဘီမြို့နယ် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတွင် တရားဝင်စာပို့တိုင်းကြားလိုက်ကြောင်းသိရသည်။

YBPC ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစုရှယ်ယာ ၈၂ရာခိုင်နှုန်းအထိပါဝင်သောအများပိုင်ကုမ္ပဏီဖြစ်သည်။

YBPC ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ‘ကျွန်မတို့ကဝန်ထမ်းတွေရဲ့တောင်းဆိုတာတွေကိုထည့်သွင်းစဉ်းစားပြီး ဝန်ထမ်းလျော့ခြင်းကိုမလုပ်လိုတဲ့အတွက် system တစ်ခုကို ဝန်ထမ်းတွေကိုချပြပါတယ်။အဖက်ဖက်က ကုမ္ပဏီရည်ရှည်ရပ်တည်နိုင်ဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ ကာယကံရှင်တွေရဲ့သဘောထားအတိုင်း ဒီစနစ်သစ်မှာလိုက်ပါမဆောင်ရွက်လိုဘူးဆိုရင် ကျွန်မတို့ကဥပဒေအတိုင်းဆောင်ရွက်ပေးတယ်။ ဆောင်ရွက်ပေးတဲ့နေရာမှာလည်းတိတိကျကျဆောင်ရွက်ပေးတယ်”ဟု မစ္ဇျိမကို ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင်ယာဉ်မောင်း ၇၅ရာခိုင်နှုန်းဝန်းကျင်ခန့်မှာ ကုမ္ပဏီနှင့်ဆက်လက်လက်တွဲလုပ်ကိုင်မှာဖြစ်ပြီး လစာလျော့ချမှုတွေကြောင့်မလုပ်လိုသောဝန်ထမ်းများအား အလုပ်သမားဥပဒေများအတိုင်းသာ ဆောင်ရွက်ပေးခဲ့ကြောင်း YBPCကုမ္ပဏီမှသိရသည်။

YRTA မှတှဲဖက်အတွင်းရေးမှူး ဦးလှအောင်က “COVID-19 ကာလမှာ စီမံခန့်ခွဲမှုတွေပြောင်းလိုက်ရတာအကုန်လုံးလုပ်၇တယ်။လုပ်တဲ့အတွက်သူတို့ရဲ့စီမံမှုကိုယာဉ်လုပ်သားတွေကိုရှင်းပြတယ်။ ရှင်းပြပြီးတော့ ယာဉ်လုပ်သားများရဲ့သဘောထားကိုခံယူတယ်။ခံယူတဲ့အတွက်လူပေါင်း ၂၀၀ကျော် ၃၀၀လောက်က တာဝန်ထမ်းဆောင်ဖို့အတွက်ဆန္ဒပြုတယ်။ တစ်ချို့ကကြတော့ဆန္ဒမပြုတာရှိတယ်။ သူတို့ကိုလဲမနစ်နာရလေအောင် ဥပဒေနဲ့အညီသူတို့ကိုထောက်ပံ့တဲ့ကိစ္စတွေကိုဒီနေ့ဘဲအားလုံးကိုရှင်းလင်းပြောကြားတဲ့အတွက် တစ်ချို့လုပ်သားလေးတွေဆိုရင်တောင် ပြန်လုပ်ပါရစေဆိုလို့ သူတို့ကိုလက်ခံနေတယ်” ဟု ပြောသည်။
Yangon Bus Public Co.ltd အနေဖြင့် YBS 43, YBS 72 , YBS 87, YBS 88, YBS 89 ,YBS 62 ,YBS 96 , YBS 37 အစရှိသော ယာဉ်လိုင်းပေါင်း၁၂ လိုင်းကို တာဝန်ယူပြေးဆွဲပေးနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required