ထိုင်းနိုင်ငံ၌ အွန်လိုင်း အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုဈေးနှုန်းများထိန်းချုပ်

ထိုင်းနိုင်ငံ၌ အွန်လိုင်း အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုဈေးနှုန်းများထိန်းချုပ်
Food delivery riders park near a mall in Bangkok to pick up orders on May 10. (Photo by Apichart Jinakul)

ဇူလိုင် ၁

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းကာလအတွင်း အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုအပေါ် ဖောက်သည်များ၏တိုင်တန်းမှုများရှိလာပြီးနောက် ထိန်းချုပ်ရေးစီမံချက်များချမှတ်ရန် ကက်ဘိနက်အစိုး ရက အင်္ဂါနေ့က သဘောတူညီလိုက်ကြောင်း အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ဧပြီလနှင့် လော့ဒေါင်းကာလများအတွင်း အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုများ တွင်ကျယ်လာခဲ့ပြီး ထိုသို့ပို့ဆောင်ရာတွင် ဈေးနှုန်းများ အဆမတန်တင်ထားပါက ပြစ်ဒဏ်သတ်မှတ်မည်ဟု ကုန်သွယ်ရေးနှင့် ပြိုင်ဆိုင်မှုကော်မရှင်က သတိပေးခဲ့သည်။

“ကိုဗစ်-၁၉ ကြောင့် စားသုံးသူတွေရဲ့ အပြုအမူတွေပြောင်းလဲခဲ့ပါတယ်။ စားသုံးသူတွေက အွန်လိုင်းဝန်ဆောင်မှုတွေကို အသုံးပြုလာပြီး ဈေးနှုန်းတွေထိန်းချုပ်ဖို့လိုတယ်လို့ တိုင်တန်းလာကြပါတယ်။ အွန်လိုင်းအစားအသောက်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး စားသုံးသူတွေရဲ့ တိုင်တန်းချက်တွေအများကြီး ရှိပါတယ်” ဟု အစိုးရ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ  Ms. Ratchada Dhnadirek က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဧပြီလအတွင်းက ရိက္ခာပို့ဆောင်ပေးသည့် ကုမ္ပဏီများသည် စားသောက်ဆိုင်များအတွက်ဆိုလျှင် ဝန်ဆောင်ခကို ၂၀ % မှ ၄၀% အထိ ကောက်ခံသည့်အတွက် တိုင်တန်းမှုများရှိကြောင်း ကုန်သွယ်ရေးနှင့်ယှဉ်ပြိုင်မှုကော်မရှင် အထွေထွေအတွင်းရေးမှူး Somsak Kiatchailak ကပြောသည်။ ထိုကုမ္ပဏီများ၏အမည်များကိုမူ ထုတ်ဖော်မပြောခဲ့ပေ။

ဈေးနှုန်းထိန်းချုပ်မှုသည် ဇူလိုင် ၄ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ပြီး တစ်နှစ်အတွင်း ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။ မမျှတသောဈေးနှုန်းများသတ်မှတ်ခြင်းနှင့် တခြားအခြေအနေများကို တားဆီးနိုင်ရန်ရည်ရွယ်၍  ဈေးနှုန်းထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

Grab and  Kerry ကုမ္ပဏီ၏ဝန်ဆောင်မှုလုပ်ငန်းများလည်း  ထိန်းချုပ်မှုစာရင်းတွင် ပါဝင်သည်ဟု Ms. Ratchada က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required