ပြင်ဦးလွင်မြို့က ဟိုတယ်တွေ ပြန်လည်ဖွင့်ဖို့ စစ်ဆေး၊လိုက်နာမှု အားနည်းတဲ့ ဟိုတယ်တွေ ဖွင့်ခွင့်မပေး

30 June 2020
ပြင်ဦးလွင်မြို့က ဟိုတယ်တွေ ပြန်လည်ဖွင့်ဖို့ စစ်ဆေး၊လိုက်နာမှု အားနည်းတဲ့ ဟိုတယ်တွေ ဖွင့်ခွင့်မပေး

ကိုဗစ်ကာလမှာ ပိတ်ထားခဲ့ရတဲ့ ပြင်ဦးလွင်မြို့က ဟိုတယ်တွေ ပြန်လည်ဖွင့်ခွင့်ပေးဖို့အတွက် စစ်ဆေးတာတွေပြုလုပ်နေပါတယ်။ဒီလို စစ်ဆေးတဲ့နေရာမှာ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက် ၅၇ ချက်အပေါ် အခြေခံပြီး စစ်ဆေးတာတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။စစ်ဆေးတဲ့နေရာမှာ တစ်ချို့ဟိုတယ်တွေက လိုက်နာမှုအားနည်းတာတွေလည်းတွေ့ရပါတယ်။အဲဒီလို လိုက်နာမှုအားနည်းတဲ့ ဟိုတယ်တွေကို ဖွင့်ခွင့်ပေးမှာ မဟုတ်ပါဘူး။အခုလို စစ်ဆေးတာတွေကို ဇွန်လပထမပတ်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဟိုတယ် ၄၀ကျော် ဖွင့်လှစ်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required