တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်သူ ၁၈ ဦးရှိ၊ ၉ ဦးမှာ ပေကျင်းမြို့မှဖြစ်

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်သူ ၁၈ ဦးရှိ၊ ၉ ဦးမှာ ပေကျင်းမြို့မှဖြစ်

ဇွန် ၂၂

တရုတ်နိုင်ငံ၌ ဇွန်လ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၈ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ကိုးဦးမှာ ပေကျင်းမြို့မှဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က တနင်္လာနေ့တွင် ထုတ်ပြန်သည်။

ယခင်ရှေ့တစ်ရက်ကလည်း တစ်နေ့တာကူးစက်သူ ၂၆ ဦးအနက် ၂၂ ဦးမှာ ပေကျင်းမြို့မှပင်ဖြစ်သည်။ 

ဒေသအာဏာပိုင်များသည် ဒေသတွင်းကူးစက်မှုဖြစ်စဉ်များကို တားဆီးနိုင်ရန် မြို့တော်ပေကျင်းတွင် လူအသွားအလာများကို ကန့်သတ်ပြီး နောက်ထပ်စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသော်လည်း ရောဂါလက္ခဏာမပြသူမှာ ဇွန်လ ၂၁ ရက်က ခုနစ်ဦးနှင့် ဇွန် ၂၀ ရက်က ခြောက်ဦးရှိခဲ့သည်။ သို့သော် တရုတ်နိုင်ငံတွင် ထိုကဲ့သို့သောသူများကို ရောဂါကူးစက်ခံရသူအဖြစ် ထည့်သွင်းမသတ်မှတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly