မက်ဆီကို ဘာစီလိုနာအသင်းက သတိရနေသော်လည်း လက်ရှိတွင် ၎င်းမှာ အကောင်းဆုံးပုံစံရရှိနေဟု နေမာပြော

မက်ဆီကို ဘာစီလိုနာအသင်းက သတိရနေသော်လည်း လက်ရှိတွင် ၎င်းမှာ အကောင်းဆုံးပုံစံရရှိနေဟု နေမာပြော

စပိန်၊ နိုဝင်ဘာ ၅ ။          ။ ဘာစီလိုနာအသင်းက မက်ဆီကို သတိရနေကြသော်လည်း လက်ရှိတွင် မိမိမှာ အကောင်းဆုံးပုံစံရရှိနေကြောင်းနှင့် ထိုပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်း နေမာက ပြောဆိုလိုက်သည်။

ဘိုရီဆော့ဗ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပြီးခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နေမာမှာ အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မက်ဆီမပါဝင်နိုင်မှုကို အကောင်းဆုံး ဖြည့်ဆည်းပေးလျက်ရှိသည်။

နေမာသည် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်ခြောက်ပွဲတွင် ရှစ်ဂိုးအထိသွင်းယူထားပြီး ခြေစွမ်းပြနေသူ ဖြစ်သည်။

'ကျွန်တော်တို့အားလုံး မက်ဆီကို သတိရနေကြပါတယ်။ သူက အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လို့ပါ။ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံးပုံစံကို ရရှိနေပါတယ်။ ဒီပုံစံကို ဆက်ထိန်းထားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်' ဟု နေမာက ပြောသည်။

ထို့အပြင် ၎င်းက 'ဒီနေ့ရလဒ်အတွက် တကယ်ကိုပျော်ပါတယ်။ သုံးဂိုးသွင်းနိုင်ခဲ့တာက ကျွန်တော်တို့ လိုအပ်နေတာတစ်ခုခုကို လုပ်ပြခဲ့တာပါပဲ။ ကျွန်တော်သွင်းခဲ့တဲ့ သုံးဂိုးမြောက်ဂိုးမှာ အကောင်းဆုံးပြေးသွားနိုင်ခဲ့တာဖြစ်ပေမယ့် ဆွာရက်ဇ်ရဲ့ ဖန်တီးပေးမှုက ကောင်းခဲ့လို့ပါ' ဟု ပြောဆိုခဲ့သည်။

နေမာနှင့်ဆွာရက်ဇ်တို့သည် ဘာစီလိုနာအသင်းသွင်းယူထားသည့်နောက်ဆုံး ၂၁ ဂိုးတွင် နှစ်ဦးပေါင်း ၁၈ ဂိုးအထိသွင်းထားကြသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly