အာရှ ရုပ်မြင်သံကြား ဆုပေးပွဲတွင် ဖျော်ဖြေသွားမယ့် Secret အဖွဲ့

အာရှ ရုပ်မြင်သံကြား ဆုပေးပွဲတွင် ဖျော်ဖြေသွားမယ့် Secret အဖွဲ့

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Secret အဖွဲ့သည် စင်္ကာပူနိုင်ငံ Suntec City Auditorium တွင် ဒီဇင်ဘာ ၃ ရက်၌ ကျင်းပပြုလုပ်မည့် အာရှရုပ်မြင်သံကြား ဆုပေးပွဲတွင် ကိုရီးယားနိုင်ငံ ကိုယ်စားပြုအဖြစ် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။

“ဆုပေးပွဲကို ဂုဏ်ပြူအဖွဲ့အဖြစ် တတ်ရောက်ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး  အနုပညာ အရည်သွေးတွေကို ချပြသွားမှာပါ။ ဝါရင့်အနုပညာရှင်တွေနဲ့ တွေ့ဆုံရမှာမို့ အရမ်းကို ပျော်နေပါတယ်” Secret အဖွဲ့ဝင် ဟိုဆောင်က ပြောကြားသည်။

အာရှရုပ်မြင်သံကြား ဆုပေးပွဲကို ၁၉၈၇ ခုနှစ်က စတင်ခဲ့ပြီး  အကောင်းဆုံး အာရှရုပ်မြင်သံ ကြား ထုတ်လုပ်ရေးနှင့် အနုပညာလုပ်ရှားမှုများကို အသိအမှတ်ပြု ချီးမြှင့်သည့် ဆုပေးပွဲဖြစ်သည်။ ဆုပေးပွဲကို အာရှတစ်ဝန်း တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly