ပျောက်ဆုံးနေတဲ့အမွှာ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းပြန်တွေ့

26 May 2020
ပျောက်ဆုံးနေတဲ့အမွှာ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းပြန်တွေ့

မေလ ၂၄ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အမွှာ ညီအစ်မ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မေလ ၂၆ရက် မနက် ၁၁ နာရီကျော်က ဧရာဝတီမြစ်ထဲက ရိပ်သာကျွန်းအနီးမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။အဲဒီ အမွှာညီအစ်မနှစ်ယောက်ဟာ တံတားဦးမြို့နယ် အင်းဝဒေသမှာနေထိုင်ကြသူတွေပါ။သူတို့ စီးလာတဲ့ ဆိုင်ကယ်ကို မန္တလေးနဲ့စစ်ကိုင်းကိုဆက်သွယ်ထားတဲ့အင်းဝတံတားဟောင်းပေါ်ကတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ အဲဒီ တံတားပေါ်ကနေ ခုန်ချသွားတာလည်းဖြစ်ပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required