၂၀၂၀ အတွင်း KIO/KIA အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်လား

၂၀၂၀ အတွင်း KIO/KIA အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်လား

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ၎င်းထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ဆောင်ရွက်လျက်ရှိနေသည်။

ထိုလုပ်ငန်းစဉ်များအပေါ် တပ်မတော်နှင့်အစိုးရကလည်း လိုအပ်သော ဆေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ခြင်းကြောင့် အားလုံးက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးကို အားကောင်းစေခဲ့သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

KIO/KIA ကလည်း စစ်ရေးထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကိုရေးသာ အဓိက အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ထို့ကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မည်သို့ အခြေအနေကို ရောက်ရှိနေသလဲဆိုခြင်းအပေါ် မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်း က Zoom Meeting ကနေ တဆင့် KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက် သွယ် မေးမြန်းထားပါသည်။

တည်းဖြတ် - ဝင်းလှိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required