မေ့ဆေးဆရာဝန်ကြီးဒေါက်တာမြင့်မြင့်စိန်ဆေးရုံဆင်းခွင့်ရရှိ

မေ့ဆေးဆရာဝန်ကြီးဒေါက်တာမြင့်မြင့်စိန်ဆေးရုံဆင်းခွင့်ရရှိ

COVID-19 အတည်ပြုလူနာကို ကုသပေးရင်း ရောဂါကူးစက်ခံထားရတဲ့ ပြည်ခရိုင် ကုတင်၅၀၀ဆေးရုံကမေ့ဆေးဆရာဝန်ကြီးဒေါက်တာမြင့်မြင့်စိန်ဟာရောဂါပြန်လည်သက်သာလာတဲ့အတွက် ဝေဘာဂီဆေးရုံက နေ မေလ၂၅ရက်နေ့မှာ ဆင်းခွင့်ရပြီ ဖြစ်ပါတယ်။

ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးတဲ့နောက်မှာတော့သူ့အနေနဲ့လူနာကိုကုသပေးရင်းကူးစက်ခံခဲ့ရတာကို နောင်တရမှာမဟုတ်ဘူးဆိုတာနဲ့ သည်ရောဂါကိုကုသပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေအတွက် လုပ်ငန်းခွင့်လုံခြုံစိတ်ချမှုကိုအရမ်းမျှော်လင့်တယ်လို့ဒေါ်မြင့်မြင့်စိန် ကပြောပါတယ်။

တည်ဖြတ် / တင်ဆက် - ချမ်းငြိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required