ဟောင်ကောင်ပြည်သူများအား ကူညီသွားမည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

ဟောင်ကောင်ပြည်သူများအား ကူညီသွားမည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

တိုင်ပေ၊ မေ ၂၅

ဟောင်ကောင်တွင် တရုတ်အစိုးရမှအဆိုပြုထားသော အမျိုးသားလုံခြုံရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲများပေါ်ပေါက်ပြီးနောက် ထိုင်ဝမ်အနေဖြင့် ဟောင်ကောင်ပြည်သူများအားလိုအပ်သောအကူအညီများပေးအပ်သွားမည်ဟု သမ္မတ ဆိုင်အင်ဝမ်က ပြောကြားလိုက်သည်။

ထိုင်ဝမ်သည် ဟောင်ကောင်မှထွက်ပြေးတိမ်းရှောင်လာသော ဆန္ဒပြသူအနည်းစုအတွက်ခိုလှုံရာနေရာဖြစ်လာခဲ့ပြီး ယမန်နှစ်က ဟောင်ကောင်ဆန္ဒပြပွဲများကြောင့် ခိုလှုံသူပိုမိုများပြားလာသည်။

ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းရန်    တရုတ်အစိုးရ၏အစီအစဉ်ကို တနင်္ဂနွေနေ့ (မေ ၂၄) က လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြပြီး  ရဲများက မျက်ရည်ယိုဗုံးများ၊ မီးသတ်ရေပိုက်များသုံး၍ လူစုခွဲခဲ့ကြသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အဆိုပြုထားသော ဥပဒေသည် ဟောင်ကောင်လွတ်လပ်ရေးနှင့် တရားစီရင်ရေးလွတ်လပ်မှုအတွက် ဆိုးရွားသော ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်ကြောင်း တနင်္ဂနွေနှောင်းပိုင်းက သူမ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားခဲ့သည်။ထို့ပြင်ကျည်ဆံများနှင့်ဖိနှိပ်မှုများသည်လွတ်လပ်မှုနှင့်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေသောဟောင်ကောင်ပြည်သူများ၏မျှော်မှန်းချက်များကိုကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းမဟုတ်ကြောင်းနှင့် အပြောင်းအလဲကို ရင်ဆိုင်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ဟောင်ကောင်ပြည်သူများကို ကူညီရန် ကြိုတင်ပြီး ကမ်းလှမ်းလာကြသည်ဟု ဆိုင်အင်ဝမ်က ရေးသားခဲ့သည်။ ထိုင်ဝမ်အနေဖြင့် သက်ဆိုင်ရာ ထောက်ပံ့မှုများ တစ်ဟုန်ထိုးလုပ်ဆောင်သွားကာ ဟောင်ကောင်ပြည်သူများကို လိုအပ်သည်များ ကူညီပေးသွားမည်ဟု ဆိုသည်။

ထိုင်ဝမ်တွင် ဒုက္ခသည်များဆိုင်ရာဥပဒေပြဋ္ဌာန်းထားခြင်းမရှိဘဲ  ဟောင်ကောင်ဆန္ဒပြသူများအတွက်ခိုလှုံခွင့်တောင်းခံနိုင်သည်။ ၎င်း၏ဥပဒေများတွင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် လုံခြုံရေး ခြိမ်းခြောက်ခံနေရသည့် ဟောင်ကောင်နိုင်ငံသားများကို ကူညီရန် ကတိကဝတ်ပြုထားသည်။

ဟောင်ကောင်ဆန္ဒပြပွဲများကို ထိုင်ဝမ်ကထောက်ခံခဲ့သောကြောင့် သမ္မတဆိုင်အင်ဝမ်အစိုးရနှင့် တရုတ်အစိုးရအကြား ဆက်ဆံရေးပိုမိုဆိုးရွားစေခဲ့သည်။

တရုတ်အစိုးရက ထိုင်ဝမ်လွတ်မြောက်ရေးထောက်ခံသူများသည် ဆန္ဒပြသူများနှင့်ပူးပေါင်းကြံစည်နေသည်ဟု စွပ်စွဲထားသည်။

ဆိုင်အင်ဝမ်သည် ထိုင်ဝမ်ကို တရားဝင်လွတ်လပ်ရေးရန် ကြိုးပမ်းနေသော ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားသည်။ ဆိုင်အင်ဝမ်ကလည်း ထိုင်ဝမ်သည် Republic of China ဟုခေါ်သာ လွတ်လပ်သောနိုင်ငံအဖြစ် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required