ရွေးကောက်ပွဲကာလ ယမကာ ရောင်းချခွင့် ပိတ်

ရွေးကောက်ပွဲကာလ ယမကာ ရောင်းချခွင့် ပိတ်

စစ်ကိုင်းတိုင်းအတွင်း စားသောက်ဆိုင်များတွင် ယမကာ ရောင်းချခွင့်ကို ရွေးကောက်ပွဲကာလအတွင်း လေးရက်တာ ပိတ်ပင်ထားကြောင်း စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက်မှ ၉ ရက်အထိ ယမကာ ရောင်းချခွင့်ကို လေးရက်တာ ပိတ်ထားခြင်းဖြစ်ပြီး ရောင်းချပါက အရေးယူသွားမည်ဟု စစ်ကိုင်းတိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က ပြောသည်။

“လေးရက်တာ ရောင်းချခွင့် ရပ်နားခိုင်းထားပါတယ်၊ ရွေးကောက်ပွဲအပြီး နောက်တစ်ရက် အထိပါ ရပ်နား ထားတာပါ ၆ ရက်နေ့ကနေစပြီး ၉ ရက်နေ့ထိပါ၊ ယစ်မျိုးလိုင်စင်ရှိ စားသောက်ဆိုင်အားလုံးကို ရောင်းချခွင့် ရပ်နားထားတာ ဖြစ်ပါတယ်၊ စစ်ဆေးတွေ့ရှိခဲ့မယ် ဆိုရင် အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ပြောသည်။

ယင်းသို့ ရွေးကောက်ပွဲကာလအတွင်း ရောင်းချခွင့် ရပ်နားရာတွင် ယစ်မျိုးလိုင်စင်ရှိ ဆိုင်အားလုံး အကျုံးဝင်ပြီး တိုင်းရင်းသားရိုးရာ ခေါင်ရည်ခဲ့သို့သော မူးယစ်စေသည့် အရာများလည်း ပါဝင်သည်ဟု သိရသည်။

ရွေးကောက်ပွဲ ကာလအတွင်း ရောင်းချခွင့် ရပ်နားထားသည့်ကြားမှ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ယစ်မျိုးဥပဒေဖြင့်လည်းကောင်း၊ ဒေသန္တရ ဥပဒေဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required