နေစရာနှင့် စားနပ်ရိက္ခာ အခက်ကြုံနေတဲ့ ချင်းပြည်နယ်က တိုက်ပွဲရှောင်တွေ

21 May 2020
နေစရာနှင့် စားနပ်ရိက္ခာ အခက်ကြုံနေတဲ့ ချင်းပြည်နယ်က တိုက်ပွဲရှောင်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့(AA)ကြား တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် တိုက်ပွဲရှောင် ၂၀၀၀၀ ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရသည်။ အဆိုပါ တိုက်ပွဲရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေမှု အခြေအနေကို ကူညီဆောင်ရွက်ပေးနေသည့် ချင်းစစ်ဘေးရှောင် ပြည်သူများကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI)အနေဖြင့် ယခု အခြေအနေကို မည်သို့ ဆောင်ရွက်နေသလဲဆိုသည့်အပေါ် RRCCI မှ ဦးစောမြကို မဇ္ဈိမ မီဒီယာက အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။ တည်းဖြတ် - ချစ်မင်းထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly