Thai Airways လေကြောင်းလိုင်း၏ ဝန်ထမ်း ၆,၀၀၀ ကျော် အလုပ်မှ ရပ်စဲခံရတော့မည်

Thai Airways လေကြောင်းလိုင်း၏ ဝန်ထမ်း ၆,၀၀၀ ကျော် အလုပ်မှ ရပ်စဲခံရတော့မည်

မေ ၂၁

ကြွေးမြီ ဘတ် ၂၀၀ ဘီလီယံကို ဆိုင်းငံ့ထားခြင်းနှင့် ဒေဝါလီခံရခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုကို ဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံပိုင် အနေဖြင့် ယင်း၏ ဝန်ထမ်း ၆,၀၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ရလိမ့်မည် ဖြစ်ကြောင်း ထိုင်းအစိုးရက မေလ ၂၁ ရက်တွင် ပြောသည်။

ဒေဝါလီခံခြင်းဆိုင်ရာ အက်ဥပဒေ BE2483 (AD1940) အောက်တွင် THAI လေကြောင်းလိုင်းကို ဒေဝါလီခံခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုသို့ ရောက်ရှိစေရန် ထိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကို လည်း လေကြောင်းလိုင်းတွင် ပိုင်ဆိုင်ထားသည့် အဓိကရှယ်ယာများကို ရောင်းချရန် ညွန်ကြားခဲ့သည်။

THAI လေကြောင်းလိုင်းအနေဖြင့် ကြွေးမြီအားလုံး ပြန်လည် ပေးဆပ်ခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ပြီး အသစ်ကနေ ပြန်စသွားမည်ဖြစ်ကြောင်း အစိုးရက ပြောသည်။

ယင်း၏ ကြွေးမြီ အရွယ်အစား ပမာဏအရ ဝန်ထမ်းစုစုပေါင်း ၂၀,၀၀၀ ကျော်၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် ဝန်ထမ်းဦးရေ ၆,၀၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ထမ်းများအနေဖြင့် အလုပ်သမား ဥပဒေအောက်တွင် ၁၀ လစာ လျော်ကြေးတစ်ရပ် ရရှိမည်ဖြစ်သည်။

လေကြောင်းလိုင်း ပြန်လည်ထူထောင်မှုကို ကြွေးရှင်များက အတည်ပြုပေးရဦးမည်ဖြစ်ပြီး ယင်းသည် အနည်းဆုံး အချိန်တစ်နှစ်ခန့် ကြာနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly