နာမည်ကျော် အားကစားပြိုင်ပွဲများကို ကျော်ဖြတ်၍ ကမ္ဘာ့အွန်လိုင်းလူကြည့် အများဆုံးစာရင်းတွင် ONE Championship စတုတ္ထနေရာ၌ ရပ်တည်

နာမည်ကျော် အားကစားပြိုင်ပွဲများကို ကျော်ဖြတ်၍ ကမ္ဘာ့အွန်လိုင်းလူကြည့် အများဆုံးစာရင်းတွင် ONE Championship စတုတ္ထနေရာ၌ ရပ်တည်

မေ ၁၉

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ သက်တမ်း ၉ နှစ်တာကာလအတွင်း ကမ္ဘာတစ်လွှားက အားကစားပရိသတ်တွေကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပါတယ်။ စင်ကာပူအခြေစိုက် ONE Championship ဟာ စတင် တည်ထောင်ချိန်ကဆိုရင် ဝေဖန်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို မယုံကြည်သူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဥက္ကဋ္ဌ Chatri Sityodtong နဲ့ ဝန်ထမ်းတွေဟာ ဝေဖန်တိုက်ခိုက်မှုတွေကို ဂရုမစိုက်ဘဲ ယုံကြည်ချက်အတိုင်း ဇွဲနပဲနဲ့လျှောက်လှမ်းခဲ့တာကြောင့် အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ၉ နှစ်နီးပါးကာလအတွင်း အာရှအကြီးမားဆုံး အားကစားမီဒီယာအဖွဲ့ အစည်းအဖြစ် ခိုင်ခိုင်မာမာရပ်တည်နေပြီဖြစ်သလို ကမ္ဘာ့အရှေ့ဖျားကနေ အနောက်ဖျား၊ ဥရောပ၊ အာဖရိက၊ အမေရိက၊ သမုဒ္ဒရာပိုင်း ဇုန်အထိ အမာခံပရိသတ်တွေကို စုစည်းထားနိုင်ခဲ့ပါပြီ။

ONE Championship က ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင်တွေဟာ မောက်မာထောင်လွှားမှုမရှိဘဲ ရိုသေနှိမ့်ချမှုရှိသလို တစ်ဦးနဲ့တစ်ဦးက ပြိုင်ဘက်တွေဖြစ်နေပေမယ့်လည်း ကြိုးဝိုင်းပြင်ပမှာတော့ ညီရင်းအစ်ကိုတွေလို ချစ်ချစ်ခင်ခင်နေထိုင်လေ့ရှိပါတယ်။ ဒါဟာ အာရှလူနေ မှုစနစ်ရဲ့တန်ဖိုးတွေဖြစ်သလို အခြားသော ပြိုင်ဘက်အဖွဲ့အစည်းတွေနဲ့ မတူညီတဲ့ သွင်ပြင်လက္ခဏာလို့ ဆိုနိုင်ပါတယ်။ ယခင်က သံသ ယမျက်လုံးတွေနဲ့ စောင့်ကြည့်ခံနေရတဲ့ ONE Championship ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ထံ တိုက်ရိုက် ထုတ်လွှင့်ပြသမှုတွေ ပြုလုပ်နိုင်တဲ့အထိ ခရီးရောက်နေပါပြီ။ ဒါဟာ ပြိုင်ပွဲတိုင်းက ပရိသတ်အကြိုက် တွဲဆိုင်းကောင်းတွေအဖြစ် စီစဉ် ပေးထားနိုင်တာကြောင့်ဖြစ်သလို စီမံခန့်ခွဲမှုအပိုင်းကလည်း လစ်ဟင်းမှုတွေသိပ်မရှိဘဲ ဘက်ပေါင်းစုံက အကွက်စေ့နေတာကြောင့်ပါပဲ။

အောင်မြင်မှုအသီးအပွင့်တွေရရှိနေပြီဖြစ်တဲ့ ONE Championship ဟာ ၂၀၁၉ ခုနှစ်အတွင်း အွန်လိုင်းကနေ လူကြည့်အများဆုံး အား ကစားပြိုင်ပွဲ၊ အားကစားအဖွဲ့အစည်းစာရင်းမှာ နာမည်ကျော်အားကစားပြိုင်ပွဲတွေ၊ အဖွဲ့အစည်းတွေကိုကျော်ဖြတ်ကာ ကမ္ဘာ့အဆင့် ၄ နေရာ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Tubular Labs က သုတေသနပြုလုပ် ကောက်ယူခဲ့တဲ့ အဆိုပါစစ်တမ်းရဲ့ ကမ္ဘာတစ်ဝှမ်း အွန်လိုင်းလူကြည့်အများဆုံး ထပ်ဆုံး ၅ နေရာအတွင်း ကိုယ်ခံပညာရပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်း ၃ ခုအထိ ပါဝင်နေပါတယ်။ Tubular Labs ဟာ ဆိုရှယ်မီဒီယာတွေကို လေ့လာခွဲခြမ်းတဲ့နယ်ပယ်အတွင်း ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ Tubular Labs က ၂၀၁၉ ခုနှစ်အတွင်း အွန်လိုင်းမီဒီယာတွေဖြစ်တဲ့ YouTube၊ Facebook၊ Instagram အပါအဝင် အခြားသော လူမှုကွန်ရက်တွေကနေ လူကြည့်အများဆုံး အားကစားပြိုင်ပွဲစာရင်းကို ထုတ်ပြန်ပေးခဲ့တာပါ။

ထိပ်ဆုံးမှာရှိနေတာက WWE နပမ်းပြိုင်ပွဲဖြစ်ပြီး ပရိသတ် ၁၄ ဒသမ ၆ ဘီလီယံက အွန်လိုင်းကနေ ကြည့်ရှုခဲ့ပါတယ်။ ဒုတိယနေရာမှာ တော့ အမေရိကန် NBA ဘတ်စကက်ဘောပြိုင်ပွဲက ၁၀ ဒသမ ၃ ဘီလီယံနဲ့ရပ်တည် လျက်ရှိကာ အမေရိကန်ဖွတ်ဘောလိဂ်က ၆ ဘီလီ ယံနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ONE Championship က စတုတ္ထနေရာမှာရပ်တည်နေပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တည်းမှာပဲ ၎င်းတို့ ရဲ့စိတ်လှုပ်ရှားစရာပြိုင်ပွဲတွေကို အွန်လိုင်းကစောင့်ကြည့်သူအရေအတွက်က ၅ ဒသမ ၆ ဘီလီယံရှိပါတယ်။ UFC က အွန်လိုင်းစောင့် ကြည့်သူ ၃ ဒသမ ၈ ဘီလီယံနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဒီစာရင်းကို ပြုစုထုတ်ပြန်နိုင်ဖို့အတွက် Tubular Labs ဟာ ကမ္ဘာတစ်လွှားက အားကစားပြိုင်ပွဲ ၅၀၀၀ ကျော်ကို စောင့်ကြည့်ကာ စနစ် တကျစာရင်းပြုစုပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပြိုင်ပွဲက ၃ ဒသမ ၇ ဘီလီယံနဲ့ အဆင့် ၆ မှာရပ်တည် နေပြီး ICC က ၂ ဒသမ ၈ ဘီလီယံ၊ လီဗာပူးလ်အသင်းက ၂ ဒသမ ၇ ဘီလီယံ၊ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲက ၂ ဒသမ ၄ ဘီလီ ယံ၊ အင်္ဂလန်ပရီးမီးယားလိဂ်က ၂ ဒသမ ၂ ဘီလီယံ၊ မန်ချက်စတာယူနိုက်တက်အသင်းက ၁ ဒသမ ၉ ဘီလီယံ၊ ဘာစီလိုနာအသင်းက ၁ ဒသမ ၉ ဘီလီယံနဲ့ အစဉ်လိုက်ရပ်တည်လျက်ရှိပါတယ်။

“လွန်ခဲ့တဲ့ ၈ နှစ်ခွဲလောက်က ONE Championship ကို စတင်တည်ထောင်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ဒီလို အံ့အားသင့် စရာစွန့်စားခန်းမျိုး လုပ်ဆောင်မယ့်သူ မရှိနိုင်ဘူးလို့ ကျွန်တော်မြင်မိတယ်။

အစောပိုင်းရက်တွေတုန်းက အမုန်းတရားနဲ့ မနှစ်သက်သူ တွေ၊ သံသယရှိသူတွေ၊ ဝေဖန်သူတွေက ကျွန်တော့်ကိုပြောတယ်။ ဒါက မိုက်မဲတာ၊ ရူးနှမ်းတာ၊ စဉ်းစားဉာဏ်မရှိတဲ့လုပ်ရပ်ဆိုပြီးတော့ ပေါ့။ ကျွန်တော်နဲ့ ကျွန်တော့်ဝန်ထမ်းတွေဟာ ငြင်းပယ်မှုတွေကို ထပ်ခါထပ်ခါ ကြုံခဲ့ရတာ အကြိမ်ရေ ထောင်နဲ့ချီပြီး ရှိခဲ့ပါတယ်။ ပထမ ၃ နှစ်တာအတွင်း ရှုံးနိမ့်မှုတွေနဲ့ပဲ ကြုံတွေ့ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမှ မရပ်တန့်သွားဘူး။ ဒီနေ့မှာတော့ ONE Championship ဟာ အာရှအကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းကြီးဖြစ်နေသလို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ကို တိုက်ရိုက်ပြသနေပါတယ်။ ကမ္ဘာပေါ် က အားကစားမီဒီယာအဖွဲ့အစည်းတွေ သမိုင်းကြောင်း ကိုကြည့်ရင် ONE Championship က စံချိန်အားလုံးကိုချိုးဖျက်ကာ အလျင်မြန် ဆုံး ဖွံ့ဖြိုးကြီးထွားလာတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်လာတာ အထင်အရှားပါပဲ” လို့ အောင်မြင်မှုဆီ လျှောက်လှမ်းခဲ့ရပုံကို Chatri က ပြန်ပြောင်းပြောပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required