ကယ်လီဖိုးနီးယား၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ဘာသာရေးအခမ်းအနားတက်ရောက်ရာ အခြား လူ ၁၈၀ ကိုရောဂါကူးစက်

ကယ်လီဖိုးနီးယား၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ဘာသာရေးအခမ်းအနားတက်ရောက်ရာ အခြား လူ ၁၈၀ ကိုရောဂါကူးစက်

မေ ၁၈

ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူတစ်ဦးသည် အမေများနေ့က ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့သောကြောင့် တခြား လူ အယောက် ၁၈၀ ကိုပါ ဗိုင်းရပ်စ်ကူးစက်ခဲ့ကြောင်း ဒေသကျန်းမာရေးအာဏာပိုင်များကပြောသည်။

ဘာသာရေးအခမ်းအနားတက်ရောက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူများကို ယခုအခါ အိမ်များ၌ သီးခြားစီ ကန့်သတ်စောင့်ကြည့်ထားသည်ဟု Butte County ကျန်းမာရေးဌာနက သောကြာနေ့က ထုတ်ပြန်ခဲ့သည်။

အခမ်းအနားတက်ရောက်ခဲ့သူများသည် ကျန်းမာရေးတာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း မိမိကိုယ်ကို သီးခြားခွဲနေထိုင်ခဲ့ကြပြီး တက်ရောက်ခဲ့သူအားလုံးကို တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးလျက်ရှိသည်။

တနင်္ဂနွေမွန်းလွဲပိုင်းအထိ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်၏ထုတ်ပြန်ချက်အရ  ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈ ၈၀၀ ထက်မနည်းရှိပြီး ၃၂ ၀၀ ကျော်သေဆုံးထားသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှေးကွေးအောင်လုပ်ဆောင်နေသော တာဝန်ရှိသူများနှင့် ဘာသာရေးအဖွဲ့အစည်းများအကြား သဘောထားချင်း လွန်ဆွဲလျက်ရှိသည်။  အိမ်၌နေရန်ညွှန်ကြားချက်များထုတ်ပြန်ထားသော်လည်း လူစုလူဝေးများ လုပ်ဆောင်နေကြကာ အချို့ပြည်နယ်များတွင်မူ ဘာသာရေးအတွက် လူစုလူဝေးပြုလုပ်ခြင်းကို ကင်းလွတ်ခွင့်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly