စီးပွားကူးသန်မှ မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE) ဖွဲ့မည်

စီးပွားကူးသန်မှ မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE) ဖွဲ့မည်

မြန်မာ့ကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့ (MYANMAR TRADE) အဖွဲ့ကို တောင်ကိုရီယား နိုင်ငံ၏ အကူ အညီဖြင့် ဖွဲ့စည်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း ယင်း ဝန်ကြီး ဌာန၏ အမြဲတမ်းတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်ကပြောသည်။                                                   

“ကုန်သွယ်မှု မြင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေး ဦးစီးဌာနကနေပြီးတော့ ခွဲထွက်ပြီးဖွဲ့မှာပါ၊ ဖွဲ့ဖို့ အတွက်ကို ဖွဲ့စည်းပုံဆွဲနေပြီ” ဟု နိုဝင်ဘာလ(၅)ရက်နေ့ က နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့ (MYANMAR TRADE)ဖွဲ့စည်းရန်အတွက် လုပ်ငန်းစဉ်များကို တောင် ကိုရီးယားနိုင်ငံ၏ အဖွဲ့စည်းဖြစ်သည်Kotra နှင့်တွဲ၍ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ-ကိုရီယားနှစ်နိုင်ငံသမ္မတများ ၏ သဘောတူညီချက်မှ စတင်၍ မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE) ဖွဲ့စည်းရန် ဖြစ်လာ ခြင်းဖြစ်ကြောင်း အမြဲတမ်းအတွင်း ဝန် ဦးတိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံဘက်မှ မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE)ဖွဲ့စည်းပြီးလျင်တောင်ကို ရီးယားနိုင်ငံမှ နည်းပညာများအကူအညီပေးပြီးဖြစ်ပြီး လက်ရှိတွင် ဝန်ထမ်း(၁၀၀)ဦးကို မြန်မာ့ကုန်သွယ်မှုမြှင် တင ်ရေးအဖွဲ့(MYANMAR TRADE) အတွက်  တောင်ကိုရီးယားနိုင်ငံသို့ ပညာသင်ရန်စေလွှတ်မည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

“ အခြေခံအရ ဒီလုပ်ငန်းစဉ်အပေါ်မှာ နိုင်ငံတကာနှင့်ချိန်ဆက်ပြီးတော့ ပရိုမိုးရှင်းလုပ်တဲ့အခါမှာ လက်နိုင်တဲ့ အဆင့်ရှိတဲ့ လူတွေကို ပြည်တွင်းမှာရွေးချယ်ပြီးတော့လွှတ်ပေးပါတယ် ” ဟု ၎င်းကပြောသည်။

ဖွဲ့စည်းရန်ပြင်ဆင်နေသည့် မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE)ကို သီးခြား လွတ် သည့် အဖွဲ့အည်းအဖြစ် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့်ပထမအဆင့်အဖြစ် စီးပွားကူးသန်းဝန်ကြီးဌာန အောက် ၌ ညွှန်ကြားရေးမှူးချုပ်ဦးစီးသည့် ဌာနတစ်ခုဖြစ် စတင်ဖွဲ့စည်းဖို့အတွက် လက်ရှိဆောင်ရွက်နေ ကြောင်း ကုန်သွယ်မြှင့်တင်ရေးနှင့်စာသုံးကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required