ပွဲကြည့်စင်တွေပေါ်မှာ 'sex dolls' တွေ ထားရှိခဲ့တဲ့အတွက် တောင်းပန်ခဲ့ရတဲ့ အက်ဖ်စီ ဆိုးလ်အသင်း

ပွဲကြည့်စင်တွေပေါ်မှာ 'sex dolls' တွေ ထားရှိခဲ့တဲ့အတွက် တောင်းပန်ခဲ့ရတဲ့ အက်ဖ်စီ ဆိုးလ်အသင်း
Photos: AFP

ပွဲကြည့်စင်တွေပေါ်မှာ လိင်အာသာဖြေအရုပ် (Sex dolls) တွေ အသုံးပြုထားရှိခဲ့တယ်လို့ အက်ဖ်စီ ဆိုးလ်အသင်းကို ပရိသတ်တွေက စွပ်စွပ်ပြီးတဲ့နောက် တောင်ကိုရီးယားထိပ်သီးကလပ်အသင်းဟာ ဝန်ချတောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။

အက်ဖ်စီဆိုးလ်အသင်းက sex dolls အရုပ်တွေထက် "သာလွန်ကောင်းမွန်တဲ့  မီနီကင်ခေါ် အမျိုးသမီးပုံတူဖက်ရှင်အရုပ်တွေ"ဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပေမယ့် ဒီအရုပ်တွေဟာ လိင်ကစားစရာတွေ (sex toys)ထုတ်လုပ်တဲ့ ကုန်ပစ္စည်းပေးသွင်းသူဆီက လာတာလို့ ဝန်ခံခဲ့ပါတယ်။

ပြီးတော့ တောင်ကိုးရီးယားမှာ လိင်အသားပေးဖော်ပြမှုတွေကို ပိတ်ပင်ထားပေမယ့်လည်း တချို့သော အရုပ်တွေဟာ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို ကြော်ငြာတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားပါတယ်။

အရုပ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ Dalcom က အက်ဖ်စီဆိုးလ်အသင်းကို တောင်းပန်ခဲ့တယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အရုပ်တွေဟာ  "သာလွန်ကောင်းမွန်တဲ့  အမျိုးသမီးပုံစံတူဖက်ရှင်အရုပ်တွေ"သာဖြစ်တယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က အက်ဖ်စီဆိုးလ်အသင်းဟာ သူတို့ရဲ့ ပထမဆုံး အိမ်ကွင်း ကေလိဂ်ပွဲစဉ်ကို ကစားခဲ့တာဖြစ်ပါတယ်။

COVID-19 ဖြစ်ပွားမှုကို ကာကွယ်ဖို့ စီစဉ်ထားတဲ့ နည်းလမ်းတွေ အများကြီးထဲကမှ ပရိသတ်မပါဘဲ ကစားရတဲ့နည်းတစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီပွဲမတိုခင် Dalcom လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုဟာ နေရာလွတ်ထိုင်ခုံအချို့ကို အရုပ်တွေနဲ့ ဖြည့်ဖို့ ကမ်းလှမ်းခဲ့ပြီး ကလပ်အသင်းက သဘောတူခဲ့ပါတယ်။

စုစုပေါင်း ပုံတူအရုပ် ၃၀ ထဲမှာ အမျိုးသမီးပုံတူအရုပ် ၂၈ ခုနဲ့ အမျိုးသားပုံတူအရုပ် နှစ်ခုပါရှိခဲ့ပါတယ်။

ဒါပေမယ့် အွန်လိုင်းပေါ်က ကြည့်ရှုနေတဲ့ ပရိသတ်တွေက တစ်ချို့ အရုပ်တွေဟာ လိင်အာသာဖြေအရုပ်တွေနဲ့ ပိုမိုဆင်တူနေပြီး တစ်ချို့တွေဟာ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို ကြော်ငြာနေတယ်လို့ သတိပြုမိကြပါတယ်။

ဒါ့ကြောင့် အက်ဖ်စီဆိုးလ်အသင်းက ပရိသတ်တွေကို Instagram နဲ့ Facebook ပေါ်ကနေ ပြန်ပြီးတောင်းပန်နေရတဲ့အထိဖြစ်ခဲ့ရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required