မြိတ်ဆိပ်ကမ်းတွင် ခရီးသည်တွေ မရှိသလောက် နည်းပါးလာ၍ စက်တပ် ရေယာဉ် သမ္ဗာန်မောင်းသမားများ အခက်တွေ့

18 May 2020
မြိတ်ဆိပ်ကမ်းတွင် ခရီးသည်တွေ မရှိသလောက် နည်းပါးလာ၍ စက်တပ် ရေယာဉ် သမ္ဗာန်မောင်းသမားများ အခက်တွေ့

COVID-19 ကူးစက်ရောဂါ ကာလမှာ ခရီးသည်တွေ မရှိသလောက် နည်းပါးလာတဲ့အတွက် မြိတ်မြို့ နဲ့ မြိတ်တစ်ဖက်ကမ်း ပထော်-ပထက်ကမ်းကို ပြေးဆွဲနေတဲ့ စက်တပ် ရေယာဉ် သမ္ဗာန် မောင်းသမားတွေ အခက်ခဲဖြစ်နေတယ်လို့ ပြောပါတယ်။

မြိတ်မြို့မှာ စက်တပ် ရေယာဉ် သမ္ဗာန် အစီးရေ ၂၀၀ နီးပါးခန့် ရှိနေပြီး၊ လက်တလော Covid-19 ကူးစက်ရောဂါ ကာလမှာ ခရီးသည်တွေ လာရောက် လည်ပတ်မှု နည်းပါး နေတဲ့ အပြင် လူဦးရေ အကန့်အသတ်နဲ့ စီးနင်းခွင့် ပြုခဲ့တာကြောင့် ပုံမှန်ထက် ဝင်ငွေတွေ လျှော့နည်း လာတယ်လို့ သမ္ဗာန်မောင်းသူတွေက ဆိုပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဒီမိုးသွေး ( မြိတ် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required