ဖုန်းနဲ့ ချစ်တင်းနှောခြင်းရဲ့ အံ့သြဖွယ်အချက်များ

ဖုန်းနဲ့ ချစ်တင်းနှောခြင်းရဲ့ အံ့သြဖွယ်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint

ဖုန်းနဲ့ ချစ်တင်းနှောခြင်းဟာ ယနေ့ခေတ်မှာ အလွန်ခေတ်စားလာတဲ့ အလေ့အထ တစ်ခုပါ။ အထူးသဖြင့် LDRS ဝေးကွာနေတဲ့ ချစ်သူရည်းစားတွေ အသုံးပြုတာများပါတယ်။ ဒါပေမဲ့ Phone Sex (Sex Chat)ခြင်းဟာ ငယ်ရွယ်သေးတဲ့ (အသက်မပြည့်သေးသူ)ဆယ်ကျော်သက် တွေအတွက်တော့ အနှုတ်သဘော ဆောင်တဲ့ဆိုးကျိုးတွေ ရှိလာပါတယ်။ Sex chat ခြင်းကို တလွဲ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ သမီးရည်းစား ဆက်ဆံရေးမှာ ဆိုးရွားတဲ့ အကျိုးသက် ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Sex chat ခြင်းသာမကပါဘူး၊ လူတွေဟာ မိမိတို့ရဲ့ လိင်စိတ်ဆန္ဒတွေကို ပြည့်ဝစေဖို့ လိင် ကိရိယာ (Sex toy) တွေကိုတောင် အသုံးပြုလာကြပါတယ်။ ဒါဟာ နောက်ဆုံးပေါ် တီထွင်ဆန်း သစ်ခြင်းပါ။ လူငယ်တွေမှာ ခေတ်စားလာတဲ့ ဖုန်းထဲကနေ လိင်ဆက်ဆံခြင်း (Sex Chat)လို့ပြော လိုက်ရင် လုံးဝဥဿုံမကောင်းဘူးလို့ ထင်ကြမှာပါ။ ဒီလိုဆိုးကျိုးတွေနောက်က ကောင်းကျိုးတွေ လည်း ရှိနေပါသေးတယ်။ ဒါတွေကတော့

()   LDRS (Long Distance Relationships) တွေအတွက် အလွန်ကောင်းမွန်ပါတယ်။

တစ်ခါတစ်ရံမှာ ရာဂဆန္ဒတွေ အလွန်တောက်လောင်နေတဲ့အချိန်မျိုးတွေမှာ မိမိရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ဟာ အဝေးတစ်နေရာကို ရောက်နေပြီဆိုရင်တော့ Sex chat ခြင်းဟာ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ သင့်ရဲ့ပါတနာဟာ သင့်ဘေးနားကို အမှန်တကယ်ရောက်နေသလိုမျိုး ခံစားရစေမှာပါ။ ဒီလိုနည်းအားဖြင့် သင်ရော သင့်ပါတနာဟာ သစ္စာရှိစွာနဲ့ မိမိတို့ရဲဆန္ဒကို ဖြည့်ဆည်းနိုင်မှာပါ။ Phone Sex ပြုလုပ်ခြင်းဖြင့် Relationship တစ်ခုကို ခိုင်မြဲစေမှာပါ။

()    သာမန်လိင်မှုရေးရာတွေကို ငြီးငွေ့လာတဲ့အခါ အသစ်အဆန်းဖြစ်စေမှာပါ။

LDRS ဝေးကွာနေတဲ့ စုံတွဲတွေမှမဟုတ်ပါဘူး။ ပါတနာကို အလွယ်တကူ တွေ့နိုင်တဲ့သူ ဖြစ်လင့်ကစား ပုံမှန်လုပ်ရိုးလုပ်စဉ် လိင်မှုရေးရာကိစ္စတွေအပေါ်မှာ ရိုးအီလာတဲ့အခါ Sex Chat ခြင်း ဟာ အသစ်အဆန်းဖြစ်စေမှာပါ။ ရုံးမှာရှိနေစဉ်အတွင်း (သီးသန့်ရုံးခန်း)လိုနေရာမျိုးကနေတောင် သင့်အမျိုးသမီးကို Video call ခေါ်ဆိုပြီး Sex Chat ခြင်းဟာ လိင်မှုကိစ္စကို အသစ်အဆန်းဖြစ်စေပြီး အိမ်ထောင်ရေးသုခကို ဆန်းသစ်စွာခံစားရမှာပါ။

()   စိတ်ကူးယဉ်အတွေးတွေကို အပြည့်အဝ ပြောပြနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ သင်စိတ်ကူးယဉ်ထားတဲ့ ကြိုးစားကြည့်ချင်တဲ့ ချစ်တင်းနှောမှုပုံစံတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် လူချင်းတွေ့တဲ့အခါ ပြောပြဖို့ရန်ရှက်နေတာမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါ တယ်။ ဖုန်းထဲကနေဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရဲမှာပါ။ ဒီလိုနည်းအားဖြင့် သင်ဖြစ်ချင်တဲ့ ချစ်မှုရေးရာအဖြာဖြာကို သင့်ချစ်သူကို ရဲရဲဝံ့ဝံ့ ပြောပြနိုင်မှာပါ။

()   မိမိကိုယ်ကို ပိုမိုယုံကြည်လာမယ်

Phone sex ပြုလုပ်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုတွေတိုးပွားစေနိုင်ပါတယ်။ အသည်းကွဲပြီး နောက်ပိုင်းမှာ မိမိကိုယ်ကို လေးစားမှုတွေလျော့ကျလာပြီး ဆန့်ကျင်ဘက်လိင်ကိုပါ စကားပြောဖို့ ကြောက်ရွံ့လာတာမျိုး၊ မဝံ့မရဲဖြစ်လာတာမျိုး ရှိတတ်ပါတယ်။ Phone sex ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ မြှင့်တင်ပေးနိုင်ပြီး အပြင်မှာပါအမှန်တကယ် အဆင်ပြေစေနိုင်တဲ့ Date တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

()   စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

ရမ္မက်နိုးကြွစေတဲ့ မက်ဆေ့တစ်ခုဟာ ဓာတုပစ္စည်းတစ်ခုကို သင့်ဦးနှောက်ကနေ ထွက်လာစေပါတယ်။ ဒီဓာတုပစ္စည်းလေးဟာ စိတ်ဖိစီးမှုလျော့ကျစေတဲ့အရာပါ။ Phone Sex ဟာ သာမန်လိင်ဆက်ဆံခြင်း တစ်ခုလို ပါပဲ။ Sex Chat နေရင်း မိမိကိုယ်ကို အာသာဖြေတာမျိုးပါ တပြိုင်နက် ပြုလုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖိစီးနေတဲ့ တင်းအားတွေ ပြေလျော့သွားမှာပါ။

()    Relationship တစ်ခုကို ခိုင်မြဲစေပါတယ်။

Sex Chat ခြင်းဟာ အမျိုးသမီးတစ်ယောက်ကို လိင်စိတ်ပြီးမြောက်ခြင်း (orgasm)ဖြစ် စေနိုင်သလို အမျိုးသားတစ်ယောက်ကိုလည်း သုတ်လွှတ်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ပါတနာ အနားမှာရှိမနေလည်း ဖြစ်နိုင်တဲ့အရာပါ။ သင့်ပါတနာ အနားမှာရှိမနေလည်း သူ့အနေနဲ့ သစ္စာဖောက်တဲ့လုပ်ရပ်တွေကို ရှောင်ရှားနိုင်မှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင်တော့ သူ့ရဲ့လိင်စိတ်ဟာ သင့်တစ်ဦးတည်းအပေါ်မှာသာ ရှိနေခြင်းကြောင့်ပါ။ ဤနည်းအားဖြင့် Phone Sex ဟာသင့်ရဲ့ Relationship ကို ခိုင်မြဲစေမှာပါ။

()   မလိုအပ်တဲ့ (မိမိအဆင်သင့်မဖြစ်သေးတဲ့ကိုယ်ဝန်ကို တားဆီးပေးနိုင်မယ်။

ဖုန်းထဲကနေ လိင်ဆက်ဆံခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေကို တားဆီး ပေးနိုင်သေးတယ်။ လူကိုယ်တိုင် ထိတွေ့ဆက်ဆံတာမျိုး မဟုတ်တဲ့အတွက် ကိုယ်ဝန်ရှိတာမျိုး မဖြစ် နိုင်ပါဘူး။ သန္ဓေတားဆေးသောက်ရတာမျိုးလည်း မရှိနိုင်တော့ပါဘူး။ မလိုချင်တဲ့ကိုယ်ဝန်မရလာ နိုင်တဲ့အတွက် ကိုယ်ဝန်ဖျက်ချခြင်းကိစ္စတွေလည်း မဖြစ်လာနိုင်တော့ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly