"အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အငြိမ်းစား ရဲတပ်ဖွဲ့ဝင်တွေကို ဆန်၊ဆီ၊ဆား စတာတွေကို ထောက်ပံ့"

17 May 2020
"အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အငြိမ်းစား ရဲတပ်ဖွဲ့ဝင်တွေကို ဆန်၊ဆီ၊ဆား စတာတွေကို ထောက်ပံ့"

ကိုဗစ်ကာလအတွင်းမှာ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကနေ မန္တလေးခရိုင်အတွင်းက အငြိမ်းစားရဲတပ်ဖွဲ့ဝင် ၅၉ ဦးကို ဆန်၊ဆီ၊ဆား စတာတွေ ဒီကနေ့ မွန်းလွဲပိုင်းက ရဲသူရိန်ခန်းမမှာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်းမှာ တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကို တပ်မတော်အနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးတာလည်း ဖြစ်ပါတယ်။
 
တည်းဖြတ်/တင်ဆက် -အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required