ပိုးသတ်ဆေး ဖျန်းခြင်းက အန္တရာယ် ဖြစ်စေနိုင်ဟု WHO သတိပေး

ပိုးသတ်ဆေး ဖျန်းခြင်းက အန္တရာယ် ဖြစ်စေနိုင်ဟု WHO သတိပေး

မေ ၁၇

နိုင်ငံအချို့တွင် လုပ်ဆောင်နေသော လမ်းများပေါ် ပိုးသတ်ဆေး ဖျန်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို ရှင်းလင်းပစ်နိုင်မည်မဟုတ်ဘဲ ကျန်းမာရေး ဘေးအန္တရာယ်ပင် ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စနေနေ့တွင် သတိပေးသည်။

ဗိုင်းရပ်စ် တုံ့ပြန်ရေး တစ်စိတ်တစ်ပိုင်းဖြစ်သော မျက်နှာပြင်များအား သန့်စင်ခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းနှင့် ပတ်သက်သော မှတ်တမ်း၌ WHO က ပိုးသတ်ဆေး ဖျန်းခြင်းသည် ထိရောက်မှု မရှိနိုင်ဟု ဆိုထားသည်။

“လမ်းများ၊ ဈေးများကဲ့သို့ ပြင်ပနေရာများအား ပိုးသတ်ဈေးဖျန်းခြင်းတွင် ဖုန်နှင့် အမှိုက်သရိုက်များ၏ အတားအဆီးကြောင့် ပိုးသတ်ဆေးသည် ထိရောက်မှု မရှိနိုင်ကြောင်း။” WHO ရှင်းလင်းသည်။

“အတားအဆီးများ မရှိသည့် တိုင်အောင် ဓာတုဆေးဖျန်းခြင်းသည် ဗိုင်းရပ်စ်အား ရှင်သန်စွမ်းမဲ့စေအောင် ထိတွေ့မှု ကာလအတွက် လုံလုံလောက်လောက် ရှိလိမ့်မည် မဟုတ်ကြောင်း။” ယင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

WHO က လမ်းများနှင့် ပလက်ဖောင်းများသည် COVID-19 ခိုအောင်းရာအဖြစ် မသုံးသပ်ကြောင်း ပြောကာ ပြင်ပ၌ ထိုသို့သော ပိုးသတ်ဆေးဖျန်းခြင်းမှာ လူတို့၏ ကျန်းမာရေးကိုပင် အန္တရာယ် ဖြစ်စေနိုင်သည်ဟု ဖြည့်စွက် ဆိုခဲ့သည်။

လူတစ်ဦးချင်းအား ပိုးသတ်ဆေးဖျန်းခြင်းကိုလည်း မထောက်ခံကြောင်း WHO ၏ အဆိုပါ မှတ်တမ်း၌ အလေးအနက် ဖော်ပြထားသည်။

“ယင်းသို့ ပိုးသတ်ဆေး ဖျန်းခြင်းသည် ကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပြီး အရည်အစက် သို့မဟုတ် ထိတွေ့ခြင်းမှ လူ၏ ဗိုင်းရပ်စ် ကူးစက်စေနိုင်စွမ်းကို လျှော့ချနိုင်လိမ့်မည် မဟုတ်ကြောင်း။” ယင်း ထုတ်ပြန်ချက်၌ ပြောထားသည်။

ကရိုရင်း သို့မဟုတ် အခြား အဆိပ်ဖြစ် ဓာတုဆေးများ ဖျန်းခြင်းသည် လူများတွင် မျက်စိနှင့် အရေပြား ကျိန်းစပ်ခြင်းနှင့် ကျောက်ကပ်နှင့် အစာအိမ် အူမကြီးတို့၌ သက်ရောက်မှုများ ဖြစ်စေနိုင်သည်ဟု WHO က သတိပေး ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required