မန်ချက်စတာစီးတီးရဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ကို သြဂုတ် ၇ ရက်မှာ ကစားရဖွယ်ရှိ

မန်ချက်စတာစီးတီးရဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ကို သြဂုတ် ၇ ရက်မှာ ကစားရဖွယ်ရှိ

မန်ချက်စတာစီးတီးရဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူလသတ်မှတ်ရက်ကို ရွှေ့ဆိုင်းခဲ့ပြီးတဲ့နောက် သြဂုတ် ၇ ရက်နေ့မှာ ပြန်လည်ကစားရဖွယ်ရှိတယ်လို့ သိရပါတယ်။

ရီးယဲလ်အသင်းဟာ ဇူလိုင်လအကုန်မှာ လာလီဂါလက်ကျန် ၁၁ ပွဲကို ကစားသွားဖို့ ရှိတာကြောင့် ပြန်လည်စီစဉ်ထားတဲ့ ရက်အရ ဇီဒန်းရဲ့ အသင်းအနေနဲ့ မန်စီးတီးရဲ့နောက်ကွယ်ကနေ နောက်သုံးလနီးပါး လေ့ကျင့်ခန်းဆင်းပြီးသားဖြစ်ပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ်ဟာ ဖေဖော်ဝါရီ ၂၆ ရက်က ပထမအကျော့ အိမ်ကွင်းမှာ ဂွာဒီယိုလာရဲ့ အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံ ၁၃ ကြိမ်ရ အသင်းဟာ ပထမအကြိမ်တွေ့ဆုံပြီး ၁၇၄ ရက်အကြာ ဒုတိယအကျော့မှာ ပြိုင်ဘက်ကို အခက်တွေ့စေပါလိမ့်မယ်။

ဒါ့အပြင် ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့တဲ့ နည်ပြသက်တမ်းမှာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ရတာမျိုး မရှိသေးပါဘူး။

မန်ချက်စတာစီးတီးကလည်း ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်လိုက်ရတာကြောင့် သူတို့ဟာ ချန်ပီယံလိဂ်ဘက်ကို အာရုံစိုက်လာပါလိမ့်မယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ အခုအချိန်ထိ ဒီပြိုင်ပွဲမှာ အောင်မြင်မှု မရရှိသေးဘဲ ပြိုင်ပွဲကနေ နှစ်နှစ်ပိတ်ပင်ခံရနိုင်မှုနဲ့အတူ ဥရောပဘောလုံးလောကရဲ့ အကြီးမားဆုံး ဆုကို အခုထက် ပိုပြီး ဆွတ်ခူးဖို့ အပူတပြင်းဖြစ်ပါလိမ့်မယ်။

ရီးယဲလ်အသင်းဟာ လာလီဂါဖလားအတွက် လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ အောင်မြင်မယ်ဆိုရင် စပိန်မှာ ဘောလုံးအတွက် ခက်ခဲတဲ့အချိန် ငွေရေးကြေးရေးအရ အကျိုးရှိတာကို တွေ့ရပါလိမ့်မယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်နဲ့ ပတ်သက်တဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို မေလ ၂၇ ရက်နေ့မှာ ယူအီးအက်ဖ်အေရဲ့ အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးအပြီးမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ဘာစီလိုနာ-နပိုလီ၊ ဘိုင်ယန်မြူးနစ်-ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်စ်-လိုင်ယွန်ပွဲစဉ်တွေအတွက် ကစားမယ့်ရက်တွေကိုလည်း ဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required