ဒေါက်တာသက်သက်ခိုင်နှင့် အင်တာဗျူး

ဒေါက်တာသက်သက်ခိုင်နှင့် အင်တာဗျူး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စိတ်ဝင်စား စရာ သတင်း တစ်ခု ပျံ့နှံ့နေသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသတင်းကတော့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမေရိကန် ဒေါ်လာသန်း ၇၀၀ အသုံးပြု၍ သမ္မတနေရာကို အရယူသွားမည်ဆိုသည့် သတင်းပဲ ဖြစ်ပါသည်။

ထိုသတင်းသည် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လျက်ရှိပြီး သတင်း မှန်ကန်မှု ရှိ/မရှိကိုတော့ ဆန်းစစ်သူ နည်းပါးခဲ့ပါသည်။ 

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အနေဖြင့် မည်သို့ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသလဲ၊ မည်သည့် ရည်မှန်းချက်များ ရှိနေသလဲဆိုခြင်းအပေါ် မဇ္ဈိမ မီဒီယာမှ သတင်းထောက် အုပ်မှူးဇော်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာ သက် သက်ခိုင်ကို တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required