လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထက် ပိုကောင်းတယ်လို့ ယုံကြည်နေတဲ့ ဘရာဇီးလ်သား

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထက် ပိုကောင်းတယ်လို့ ယုံကြည်နေတဲ့ ဘရာဇီးလ်သား

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟောင်း အက်ဒီလ်ဆင်က သူဟာ နေမာ၊ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထက် ပိုကောင်းခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ပါးလ်မီးရက်စ်၊ ကိုရင်သီယန်စ်နဲ့ ဖလာမီဂိုလို အသင်းတွေမျိုးမှာ ကစားခဲ့တဲ့ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်ဒီလ်ဆင်ဟာ နိုင်ငံအသင်းအတွက် ၂၁ ပွဲ ကစားခဲ့ရာ ၆ ဂိုး သွင်းယူခဲ့ပြီး ဘရားဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဥရောပထိပ်တန်းလိဂ်မှာ ဘယ်တော့မှ မကစားဖူးပေမယ့် အက်ဒီလ်ဆင်က သူဟာ ကမ္ဘာ့ဖလားဖလားဆုတံဆပ်ဆွတ်ခူးနိုင်ခဲ့တာကြောင့် မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ မတူညီတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိတယ်လို့ တကယ်ပဲ ယုံကြည်နေပါတယ်။

"ကျနော်အကောင်းဆုံးခြေစွမ်းပြခဲ့တုန်းကဆို နေမာထက် ပိုကောင်းခဲ့ပါတယ်။ ကျနော့်ထက် ပိုကောင်းတယ်လို့ သူ ပြောနိုင်ဖို့ဆိုရင် ကမ္ဘာ့ဖလားကို အရယူနိုင်ဖို့ လိုအပ်တယ်။"လို့ အက်ဒီလ်ဆင်က Metro ကတဆင့် TV Bandeirantes ကို ပြောခဲ့ပါတယ်။

"ကျနော့်မှာ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ မက်ဆီက ကျနော့်ထက်သာအောင်လုပ်နိုင်တယ်ဆိုပေမယ့်လည်း သူလည်း ကမ္ဘာ့ဖလားကို ရယူပြဖို့အတွက် လိုပါတယ်။

"ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ခွန်အားကိုပဲ အသုံးပြုတာပါ။ ဘောလုံးကို ခြေထောက်နှစ်ချောင်းနဲ့ သူ ကောင်းကောင်း ကစားနိုင်ပေမယ့် ကျနော်က သူ့ထက် ပိုပြီး ဘောလုံးပညာကျွမ်းကျင်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးထားပြီး ဘလွန်းဒီအော်ဆုကို သူတို့နှစ်ယောက်ပေါင်း ၁၁ ကြိမ် သိမ်းပိုက်ခဲ့သလို စံချိန်တွေကိုလည်း ချိုးဖောက်နေကြသူတွေဖြစ်ပါတယ်။

Ref; Sportbible

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly