ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိ

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိ

မေ ၁၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ(မူရင်း) ဒုက္ခသည်စခန်းများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကို ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

လူပေါင်း တစ်သန်းနီးပါး ရှိနေသည့် ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာအမျိုးသားတစ်ဦးသည် COVID-19 ရောဂါပိုး ပထမဆုံး ကူးစက်ခံထားရသူတစ်ဦး ဖြစ်လာခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၁၄ ရက်တွင် ပြောသည်။

ကော့ဇ်ဘဇား ဒေသ ကမ့်စခန်းများရှိ ကျပ်သိပ်နေပြီး မိလ္လာ အညစ်အကြေးစနစ် မကောင်းသည့် လမ်းကြိုလမ်းကြား နေရာများတွင် ကိုရိုနာဗိုင်းရပ်စ်က အလျင်အမြန် ကူးစက်ပျံ့နံှ့သွားနိုင်ကြောင်း ယခင်ကာလကများအတွင်းကတည်းက ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

လူနည်းစုမွတ်ဆလင်များသည် ပြီးခဲ့သည့် နှစ်နှစ်ကျော်က အိမ်နီးချင်းမြန်မာနိုင်ငံတွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာခဲ့ပြီးနောက် အဆိုပါ ကမ့်စခန်းများတွင် နေထိုင်နေကြရခြင်း ဖြစ်သည်။

ယခုအခါ ဗိုင်းရပ်စ်ကူးစက်ခံထားရသော ဒုက္ခသည် နှစ်ဦးကို သီးခြားခွဲထားလိုက်ပြီ ဖြစ်ကြောင်း ပြည်တွင်း ကျန်းမာရေး ညှိနှိုင်းရေးမှူး အဘူ တိုဟာ ဘူအီယန်က ပြောသည်။

တစ်ဦးသည် ရိုဟင်ဂျာ အမျိုးသားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည် ကမ့်စခန်းတစ်ခုအနီး နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးဖြစ်ကြောင်း WHO က ပြောသည်။

“လူနာ တစ်ယောက်က ဒုက္ခသည်တွေထဲက တစ်ယောက်ဖြစ်ပါတယ်၊ နောက်တစ်ယောက်ကတော့ အနီးအနားပတ်ဝန်းကျင်မှာ နေထိုင်တဲ့ အိမ်ရှင်နိုင်ငံသားတွေအနက် တစ်ဦးဖြစ်ပါတယ်” ဟု WHO ၏ ပြောရေးဆိုခွင့်ရှိသူ ကက်တာလင်း ဘာကာရူက ပြောသည်။

ယခုအခါ အဆိုပါ ကူးစက်မှုဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်၍ နောက်ကြောင်းစုံစမ်းမှုလုပ်ဆောင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များ စေလွှတ်ထားကြောင်း ဘာကာရူက ပြောသည်။ အဆိုပါ လူနာများနှင့် ထိတွေ့ပတ်သက်ခဲ့သူများကို လိုက်လံဖော်ထုတ်စုံစမ်းနေကြောင်း သိရသည်။

တချိန်တည်းမှာပဲ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများနှင့် စမ်းသပ်စစ်ဆေးမှုကိုလည်း အရှိန်မြှင့်တင်လုပ်ဆောင်နေကြောင်း ပြည်တွင်း အာဏာပိုင်များက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly