စတိုးဆိုင်ထဲ နေရာစုံမှာ တစ်ကိုယ်ရည် အာသာဖြေသည့် အမျိုးသမီးကြောင့် လုံခြုံရေး တင်းကြပ်

By New York Post
12 May 2020
စတိုးဆိုင်ထဲ နေရာစုံမှာ တစ်ကိုယ်ရည် အာသာဖြေသည့် အမျိုးသမီးကြောင့် လုံခြုံရေး တင်းကြပ်

မေ ၁၂

တရုတ်နိုင်ငံက IKEA စတိုးဆိုင်တစ်ဆိုင်အတွင်း အမျိုးသမီးတစ်ဦးသည် မလုံတလုံဖြင့် တစ်ကိုယ်ရည် အာသာဖြေနေသည့် ဗီဒီယို ထွက်ပေါ်ခဲ့ပြီးနောက်တွင် စတိုးဆိုင်အား ဖွင့်လှစ်ထားသည့် DIY ပရိဘောဂကုမ္ပဏီက လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပါမည်ဟု ကတိခံလာခဲ့ရသည်။

နှစ်မိနစ်ကြာ အညှီအဟောက်လွှမ်းသော ဗီဒီယိုတွင် ရှပ်အင်္ကျီဖြူတစ်ထည်ပဲ ဝတ်ဆင်ထားသည့် မည်သူမည်ဝါ မသိရသော အမျိုးသမီးက စတိုးဆိုင်၏ နေရာအသီးသီးတွင် ကိုယ်ကိုကို ကျေနပ်မှုရယူနေပုံကို မြင်တွေ့ရသည်။

အခြား ဈေးဝယ်သူများ ဖြတ်သွားချိန်တွင် အမျိုးသမီးသည် ထိုင်ခုံပေါ်၌ ထိုင်နေပြီး မသိမသာ တင်ပါးကို ကင်မရာဖက် တိုးကာ ပွတ်သပ်နေခဲ့သည်။

ယင်းနောက် အိပ်ရာပေါ်တွင် ထိုင်ကာ ခြေထောက်များကို ချဲကားထားချိန် တစ်ချို့ ဖြတ်သွားဖြတ်လာသူများက အနေအထားကို မြင်သွားကြပုံ ရှိသည်။

နောက်တစ်ခန်းတွင် စတိုးဆိုင်၏ ပို၍ ချောင်ကျသော နေရာ၌ ယင်း အမျိုးသမီးက တစ်ထည်တည်းသော ရှပ်အင်္ကျီဖြူကို ချွတ်ပြတော့သည်။

ထိုဗီဒီယိုသည် လိုင်းပေါ်တွင် ပြန့်နှံ့သွားပြီးနောက် တရုတ်လူမှုမီဒီယာ၌ ဖယ်ရှားပစ်ခဲ့သော်လည်း စိတ်ဝင်တစား ကြည့်ရှုကြသူ အများအပြား ရှိခဲ့သည်။ ဆွီဒင် ပရိဘောဏကုမ္ပဏီကြီးဖြစ်သည့် IKEA က ဗီဒီယိုအား ဖြုတ်ချခဲ့သည့်ကြားမှ ကြည့်ရှုသူ ကိုးသန်းအထိ ရှိခဲ့သည်ဟု Agence France-Presse သတင်းဌာနက ဖော်ပြသည်။

“ကျွန်တော်တို့ ဒီလို အပြုအမူမျိုးကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချပါတယ်။ ချက်ချင်းပဲ ဖြစ်ခဲ့တဲ့ စတိုးဆိုင်ရှိရာမြို့က ရဲစခန်းကို တိုင်ကြားခဲ့တယ်။”ဟု IKEA က ကြေညာချက် ထုတ်သော်လည်း မည်သည့် စတိုးဆိုင်ခွဲတွင် ဖြစ်ပွားကြောင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly