၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တု လွှတ်တင်မည်

၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တု လွှတ်တင်မည်

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ ဂျပန်ရဲ့ နည်းပညာကို အသုံးပြုပြီး ၎င်းရဲ့ ပထမဆုံး ဂြိုဟ်တုကို လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ Nikkei Asian Review က ဖော်ပြထားပါတယ်။

နိုင်ငံက အင်ဂျင်နီယာတွေနဲ့ သုတေသီတွေဟာ ultrasmall ဂြိုဟ်တုကို မြှင့်တင်မှုပြုလုပ်မှာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ Hokkaido တက္ကသိုလ်နဲ့ Tohoku တက္ကသိုလ်တို့ရဲ့ အကူအညီနဲ့ ဂြိုလ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်မှာဖြစ်ပါတယ်။

ဒီဂြိုလ်တုဟာ ကမ္ဘာမြေကြီးလေ့လာရေး ဂြိုဟ်တုတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးမှာ ကုန်ထုတ်စွမ်းအားတိုးမြှင့်ခြင်း၊ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ခြင်းနဲ့ လျှော့ချခြင်း၊ သဘာဝပတ်ဝန်းညစ်ညမ်းမှုကို စောင့်ကြည့်ခြင်းတွေအတွက် အသုံးပြုလိမ့်မယ်လို့ ယင်းသတင်းမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly