ကျပ်သိန်း ၈၅၀၀ ကျော်တန်ဖိုးရှိ Cobas 6800 စက်ကို လှူဒါန်းခဲ့တဲ့ ဒေါက်တာစောနေနွယ်နဲ့အင်တာဗျူး

ကျပ်သိန်း ၈၅၀၀ ကျော်တန်ဖိုးရှိ Cobas 6800 စက်ကို လှူဒါန်းခဲ့တဲ့ ဒေါက်တာစောနေနွယ်နဲ့အင်တာဗျူး

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ရှာဖွေစစ်ဆေးပေးနိုင်သည့် စက်ပစ္စည်းများလည်း အလွန်နည်းပါးသည့်အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများမှာ မြန်မာအစိုးရအနေဖြင့် ရုန်းကန်နေရပါသည်။

ထို့သို့ ရောဂါရှာဖွေရေးစက်များ လိုအပ်နေသည့် အစိုးရထံသို့ AA Medical Products Ltd(Pacific-AA Group) မှ ဒုတိယမန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာစောနေနွယ်နှင့် မိသာစုက ကျပ်သိန်းပေါင်း ၈၅၀၀ ကျော် တန်ဖိုးရှိ သည့် Roche Cobas 6800 Analyzer ဆိုသည့် ရောဂါရှာဖွေရေးစက်နှင့် ဆက်စပ်ပစ္စည်းများကို လှူဒါန်းခဲ့ပါ သည်။

ထိုစက်သည် တစ်နေ့လျှင် လူ ၁၃၀၀ ကျော်ကို စစ်ဆေးပေးနိုင်သည့် ရောဂါရှာဖွေရေးစက်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် ကူညီပံ့ပိုး ပေးနိုင်ခဲ့သည်။ AA Medical Products Ltd(Pacific-AA Group) မှ ဒုတိယမန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာ စောနေနွယ်ကို မဇ္ဈိမမီဒီယာက အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ်ပြီးတော့ မေးမြန်းထား ပါသည်။

ရိုက်ကူး - ချစ်မင်းထွန်း

တည်းဖြတ် - လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly