အမေရိကန် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အထူးအဖွဲ့၏ အဓိကအရေးပါသည့် ပုဂ္ဂိုလ်သုံးဦး quarantine ဝင်နေရ

အမေရိကန် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အထူးအဖွဲ့၏ အဓိကအရေးပါသည့် ပုဂ္ဂိုလ်သုံးဦး quarantine ဝင်နေရ

မေ ၁၀

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်တိုက်ဖျက်ရေးလုပ်ငန်းများကို လမ်းညွန်ပေးနေသည့် အဓိက အရာရှိကြီးသုံးဦးသည် COVID-19 ရောဂါပိုး ကူးစက်ခံထားရသူများနှင့် ထိတွေ့ပတ်သက်မိခဲ့ပြီးနောက် မေလ ၉ ရက်တွင် self-quarantine (မိမိဘာသာ သီးခြားခွဲနေ စောင့်ကြည့်ခြင်း) ဝင်ရောက်နေပြီဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်တိုက်ဖျက်ရေးအဖွဲ့၏ လူသိများသော အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အန်တိုနီ ဖော့စီသည် ယခုအခါ quarantine (သီးခြားခွဲနေပြီး စောင့်ကြည့်မှု) စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

အသက် ၇၉ နှစ်ရှိ ဖော့စီသည် အမေရိကန် ကူးစက်ရောဂါနှင့် ဓာတ်မတည့်ရောဂါဆိုင်ရာ အဖွဲ့အစည်း (NIAID) ၏ ညွန်ကြားရေးမှူးလည်း ဖြစ်သည်။

အလားတူ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ (CDC) ၏ ညွန်ကြားရေးမှူး အသက် ၆၈ နှစ်ရှိ ရောဘတ် ရက်ဒ်ဖီးဒ်သည်လည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသော အိမ်ဖြူတော်အမှုထမ်းတစ်ဦးနှင့် ပတ်သက်ခဲ့ပြီးနောက် လာမည့်သီတင်းပတ်နှစ်ပတ်တွင် နေအိမ်ကနေသာ အလုပ်လုပ်တော့မည် ဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာန ကော်မရှင်နာဖြစ်သည့် အသက် ၆၀ နှစ်အရွယ် စတီဖန် ဟန်သည်လည်း မကြာသေးမီက COVID-19 ရောဂါပိုးကူးစက်ခံထားရသူတစ်ဦးနှင့် ထိတွေ့ပတ်သက်ခဲ့မိပြီးနောက် ယခုအခါ self- quarantine ဝင်ရောက်နေပြီဟု သိရသည်။

ယခုအပတ်အတွင်း အိမ်ဖြူတော် အမှုထမ်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ဖြစ်စဉ်များကို ထုတ်ဖော်တွေ့ရှိထားခဲ့သေးသည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာ အမှုထမ်းတစ်ဦး၊ ဒုသမ္မတ မိုက်ပန့်စ်၏ ပြန်ကြားရေးအရာရှိ၊ သမ္မတ၏

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required