အမေရိကန်၌ ကပ်ရောဂါကြောင့် ရောင်းမစွံသည့် အာလူးနှင့်နွားနို့များ အခမဲ့ဝေပေး

အမေရိကန်၌ ကပ်ရောဂါကြောင့် ရောင်းမစွံသည့် အာလူးနှင့်နွားနို့များ အခမဲ့ဝေပေး

မေ ၉

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်တွင် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များ ပြတ်တောက်မှုကြောင့် အာလူးများရောင်းမစွံဘဲ ပိုလျှံလျက်ရှိရာ ဝါရှင်တန်ပြည်နယ်အာလူးစိုက်ပျိုးရေးကော်မရှင်သည် ပုပ်သိုးမည့် အစားအစာကောင်းများကို အလဟဿမဖြစ်စေလိုသောကြောင့် အာလူးများကို အိတ်များနှင့်ထုပ်ပိုးကာ ပြည်သူများအား အခမဲ့ဝေပေးခဲ့သည်။

ဝါရှင်တန်ပြည်နယ်သားတိုင်းသည် အာလူးများကို အပြတ်ရှင်းထုတ်ပစ်ရန်အတွက် ဇူလိုင် ၄ ရက်မတိုင်ခင်အထိ အာလူး ပေါင်ချိန် ၅၀၀ ကို စားသုံးကြရတော့မည်ဟု ကော်မရှင်ကပြောသည်။

ပုံမှန်အားဖြင့် အာလူးကြော်လုပ်ငန်းများအတွက် တင်ပို့ပေးသည့်အာလူးများသည် ရောင်းမစွံဘဲ ကုန်လှောင်ရုံများ၌ လှောင်ထားကြရသည်။

အဆိုပါအာလူးများကို စီယက်တယ်တောင်ဘက် Auburn မြို့၌ ကားများပေါ်တင်ပေးပြီး အခမဲ့ပေးဝေလျက်ရှိသည်။ ဘော်စတွန်မြို့တွင်လည်း မက်ဆာချူးဆက်အစောင့်တပ်ဖွဲ့က နွားနို့များ အခမဲ့ ပေးဝေခဲ့သည်။

 အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် စားသောက်ဆိုင်များ၊ ကျောင်းများနှင့်   လက်လီလက်ကားရောင်းဆိုင်များအားလုံးလည်း ပိတ်ထားရသောကြောင့် စားသောက်ကုန်ထုတ် စက်ရုံများအနေဖြင့် လုပ်ငန်းများလည်ပတ်မှုရပ်ဆိုင်းထားရကာ ကုန်ကြမ်းများ ပိုလျှံနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required